Aug 29, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှကြီးမှူး၍ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၄)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုဆပ်ကော်မတီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel Pyay Room ၌ ကျင်းပသည်။
Aug 29, 2023
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Aug 29, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 29, 2023
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်၌ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းနိုင်ဦး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Aug 27, 2023
မေး။ ။ ပြည်ထောင်စုဝန်ကြီးက ကွမ်ကျိုးခရိုင်ရဲ့တယ်ဟုန် လွတ်လပ်စွာကုန်သွယ်ရေးဇုန်တွေကို သွားရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် တည်ဆောက်ဖို့အတွက် ဘယ်လိုအတွေးအမြင်တွေရှိပါသလဲ။ ပြီးတော့ တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွက် ဘယ်လိုအတွေးအခေါ်တွေ ရှိပါသလဲရှင်။
Aug 27, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဩဂုတ် ၂၅ ရက်က အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့ Hotel St. Regis ၌ ကျင်းပသည့် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေး ဒုတိယနေ့ကို တက်ရောက်ခဲ့သည်။
Aug 26, 2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်မာ့ရိုးရာယွန်းပညာရပ်များ သင်ကြားပို့ချနေသော မန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင် ပုဂံမြို့ဟောင်းရှိ ယွန်းပညာကောလိပ် (ပုဂံ) သို့သွားရောက်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းသား/ သင်တန်းသူများနှင့် တွေ့ဆုံသည်။
Aug 26, 2023
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည်ဖော်တည်ဆောက်ခဲ့သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကျိုင်းလပ်နယ်စပ် ကုန်သွယ်ရေးစခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါနယ်စပ်ကုန်သွယ် ရေးစခန်း၌ ကျင်းပသည်။
Aug 25, 2023
တောင်သူများအတွက် စရိတ်သက်သာဝန်ပေါ့ပြီး အလုပ်တွင်ကျယ်စေမည့် လယ်ယာသုံးစက်ကိရိယာများအသုံးပြုနိုင်ရေး သုတေသနပြုလုပ်ခြင်း၊ စမ်းသပ်တီထွင်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်လိုကြောင်း၊ အထူးသဖြင့် လယ်ယာလုပ်ငန်းခွင်တွင် လယ်ယာလုပ်သားရှားပါးလာမှုနှင့် ကောက်စိုက်သမလိုအပ်ချက်အခက်အခဲကို ကျော်လွှားနိုင်ရန် တောင်သူအချို့အနေဖြင့် ကောက်စိုက်စက်အသုံးပြုလိုကြသော်လည်း ရင်းနှီးမြုပ်နှံနိုင်မှု အကန့်အသတ်များရှိသည့်အတွက် တန်ဖိုးနည်းကောက်စိုက်စက်များကို အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးရန်လိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ယမန်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနစိုက်ကွင်းတွင် စက်မှုလယ်ယာဦးစီးဌာန အင်းကုန်းစက်ရုံက စမ်းသပ်ထုတ်လုပ်ထားသည့်(၆)တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုစစ်ဆေးစဉ်ပြောကြားသည်။
Aug 25, 2023
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် တာချီလိတ်နယ်စပ်ကုန်သည်များအသင်းတို့မှ အသင်းဝင်များကို ယနေ့ညနေပိုင်းတွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
Aug 25, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ရုံးအမှတ်(၃၅)ရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ “လောဘအမှောင်” ဆို ငို ပြော ဇာတ်တော်ကြီး လေ့ကျင့်ဇာတ်တိုက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အနုပညာရှင်ဝန်ထမ်းများအား လိုအပ်သည်များ မှာကြားသည်။
Aug 25, 2023
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း အမှတ်စဉ်(၂၇) ဆွေးနွေးပွဲအဖြစ်“ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအတွက် ကျင်းပပြုလုပ်သည့် ပထမအကြိမ်ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ပေးရေးအစီအစဉ်သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံများမျှဝေခြင်း” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကားပြောကြားသည်။
Aug 25, 2023
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၁၇)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၁၈)ကြိမ်မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးများတက်ရောက်ပြီး ယနေ့ညပိုင်းတွင် လာအိုနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။
Aug 25, 2023
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၊ ပျဉ်းမနားမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ သင်ကြားသင်ယူနေမှုများ၊ ကျောင်းအတွင်း သန့်ရှင်းသာယာရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှုများ၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးကြသည်။
Aug 25, 2023
၁၅-၈-၂၀၂၃ ရက်နေ့မှ ၁၈-၈-၂၀၂၃ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပသည့် (၇) ကြိမ်မြောက် တရုတ် - တောင်အာရှပြပွဲ၊ (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်၊ သွင်းကုန် ကုန်စည်ပြပွဲဖွင့်ပွဲ၊ ၂၀၂၃ ခုနှစ် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံအုပ်ချုပ်သူများဖိုရမ်နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ကူမင်းမြို့၌ရောက်ရှိနေသည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ခရီးစဉ်အတွင်း ၁၈-၈-၂၀၂၃ ရက်နေ့ ညနေပိုင်းက China Global Television Net (CGTN) နှင့် တွေ့ဆုံ၍ မေးမြန်းမှုများကို ဖြေကြားခဲ့ပါသည်။ အဆိုပါ တွေ့ဆုံ မေးမြန်းမှုများကို CGTN တွင်လည်းကောင်း၊ ၂၄-၈-၂၀၂၃ ရက်နေ့တွင် မြန်မာ့ရုပ်မြင်သံကြားကလည်းကောင်း ထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံမေးမြန်းမှု အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Aug 24, 2023
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration- IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ Chief of Mission Mr. Dragan Aleksoski နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Aug 24, 2023
နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန စိုက်ပျိုးမွေးမြူရေးဇုန်အတွင်းရှိ လျှိုပိတ်ဆည်၌ ကျင်းပသည်။
Aug 24, 2023
အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ဩဂုတ်၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်မည့် အာဆီယံ ဘဏ္ဍာရေးနှင့် ကျန်းမာရေးဝန်ကြီးများ ပူးတွဲအစည်းအဝေးနှင့် အာဆီယံနိုင်ငံများ၏ ကျန်းမာ ရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ အင်ဒိုနီးရှားနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
Aug 24, 2023
ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။
