Skip to main content

Jul 21, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြန်မာရေးရာလေ့လာရေးအဖွဲ့၏ (၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီက ရန်ကုန်မြို့ Sky Star ဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2023

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့ ခရိုင်ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး အရေးပေါ်ဌာန၊ ပြင်ပလူနာဌာန၊ လူနာဆောင်များ၊ ဓာတ်မှန်ခန်းနှင့် ဓာတ်ခွဲခန်းများကို လှည့်လည်ကြည့်ရှု၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို စစ်ဆေးကာလူနာများကို အားပေးစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်းစီနယ်မြေ၊ တပ်ကုန်းမြို့နယ် ရွှေမြို့မွေးမြူရေးဇုန်နှင့် ကံကြီးမွေးမြူရေးဇုန်မှ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မွေးမြူရေးလုပ်ပိုင်ခွင့်ပြုထားသည့် ယူနစ်ဧရိယာအလိုက် မွေးမြူရမည့်တိရစ္ဆာန်ကောင်ရေ ပမာဏအပြည့်မွေးမြူလုပ်ကိုင်နိုင်ရေး၊ မွေးမြူရေဇုန်အတွင်း မြေယာအသုံးချမှုမှန်ကန်စေရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2023

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၃ ခုနှစ်၊ ငါးမျိုးစိုက်ထည့်ပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2023

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ် H.E. Mr. SHI Zhongjun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ရုံးအမှတ် ၁၃ အစည်းအဝေးခန်းတွင် လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ရောက်ရှိပြီး အထက်ပစ္စယံရင်ပြင်ပေါ်ရှိ ပတ္တမြားမျက်ရှင်ဘုရားအား ပန်းရေချမ်းဆက်ကပ်ပူဇော် ဖူးမြော်ကြည်ညိုကာ စေတီတော်ရင်ပြင်ပေါ်ရှိ တောင်ဘက်စောင်းတန်း ပြင်ဆင်မွမ်းမံနေမှုနှင့် ရွှေတိဂုံစေတီတော်ဗုဒ္ဓပြတိုက်တို့ကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2023

ပြန်ကားရေးဝန်ကီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကား(ရန်ကုန်)၌ သံစုံတီးဝိုင်း၏ နိုင်ငံတကာတေးသီချင်းများ လေ့ကျင့်တီးခတ်သီဆိုမှု၊ တစ်ဦးချင်းကိုယ်ရည်ကိုယ်သွေးမြှင့်တင်ရေးသင်တန်း (Personal Groo-ming Course) သင်ကြားနေမှုနှင့် လူရွှင်တော်စတား ကောင်းထက်စီစဉ်သည့် “ဟာသမြို့တော် ရယ်စရာစင်တင်ဟာသ တစ်ခန်းရပ်ပြဇာတ်” ရိုက်ကူးနေမှုတို့ကို ကြည့်ရှုအားပေးပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2023

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2023

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် (၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေ ကေ အဗ္ဗဒူလ် မိုမန်နှင့်လည်းကောင်း၊ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်တွင် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး မစ္စတာ အလီဆာဘရီနှင့် လည်းကောင်း သီးခြားစီတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2023

ဘင်းမ်စတက် အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ထိုင်းဘုရင့်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်(ဒ်)ဝီနိုင်း၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2023

သာသနာ‌ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဗဟန်းမြို့နယ် အာဇာနည်ဗိမာန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ (၇၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားပြင်ဆင်ရေးနှင့် စီစဉ်ရေးဆပ်ကော်မတီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက် ပြီးစီးမှုကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2023

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2023

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်းစိန်) မြွေဆိပ်ဖြေဆေးထုတ်လုပ် ရေးဌာနသို့ရောက်ရှိရာ အစည်းအဝေးခန်းမ၌ စက်ရုံမှူးက မြွေဆိပ်ဖြေဆေး အေးခဲအခြောက်ခံ စက်တပ်ဆင်ပြီးစီးမှုနှင့် စက်စမ်းသပ်လည်ပတ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2023

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ကျင်းပသည့် (၁၃)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 14, 2023

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသော စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့နံနက်ပိုင်းက ယီယာကျီရင်ဘတ်မြို့ရှိ Ural State Mining University ၏ ဘူမိဗေဒပြခန်းသို့ သွားရောက်ကြည့်ရှုလေ့လာသည်။

ဆက်လက်ဖတ်ရှုရန်

Jul 14, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိ သူများနှင့်အတူ ဇူလိုင် ၁၁ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်နှင့် ရွာသစ် ကေကျေးရွာသို့ ဆက်သွယ်ထားသော ဘေလီသံပေါင်နှင့် သစ်သားကြမ်းခင်းတံတား ပြုပြင် ပြီးစီးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 14, 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ဒါကာမြို့၌ ရောက်ရှိနေသော ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ဒါကာမြို့ Pan Pacific Hotel ၌ ကျင်းပသည့် “ပြည်သူ့ကျန်းမာရေးနှင့် သံခင်းတမန်ခင်း” နိုင်ငံတကာဆွေးနွေးပွဲသို့ ဆက်လက်တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 14, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌ တည်ထားလျက်ရှိသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်း လုပ်ငန်းများအတွက် အလှူငွေကျပ် သိန်း ၁၀၀၀ လှူဒါန်းခြင်းနှင့် ရခိုင်ပြည်နယ် သဘာဝဘေးဒဏ်သင့်ဒေသများရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအတွက် စာသင်ခုံများဝယ်ယူရန် အလှူတော်ငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2023

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးသည် ပြည်ပနိုင်ငံ (၁၂)နိုင်ငံရှိ မြန်မာသံရုံး/ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ၌ တာဝန်ထမ်းဆောင်နေသော စီးပွားရေးသံမှူး (၁၆) ဦးနှင့် ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သံမှူးတို့ကို ယနေ့မွန်းလွဲပိုင်း တွင် Virtual စနစ်ဖြင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2023

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရက်ကတ်ထရင်ဘတ် (Yekaterinburg) မြို့၌ ကျင်းပသည့် INNOPROM International Industrial Exhibition သို့တက်ရောက်၍ ကုမ္ပဏီများက ခင်းကျင်းပြသထားသည့် ထုတ်ကုန်များ၊ စက်ပစ္စည်းများကို လှည့်လည်ကြည့်ရှုပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်