ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 13,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ရန်အတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ ၁၀ ရွာသို့ ရန်ပုံငွေလွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဉတ္တရခရိုင် ကျေးလက်ဒေသ ဖွွွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Mar 13,2020
၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ သင်္ချာဘာသာရပ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က စာစစ်ဌာန (၄) ခုမှာ ယနေ့နံနက် ၉ နာရီမှစ၍ အတွင်းဖြေဆိုသူနှင့် ပြင်ပဖြေဆိုရန် စာရင်းရှိ ကျောင်းသူ/သား (၂၀၀၆) ဦးအနက်၊ ယနေ့စာစစ်ဌာနများတွင် ဖြေဆိုသူ (၁၈၅၂) ဦးနဲ့ အ.ထ.က-တနင်္သာရီ စာစစ်ဌာနမှ ခုံအမှတ် တန-၆၆၅၊ မောင်အောင်အောင်ဦးသည် ကျန်းမာရေး မကောင်းသောကြောင့် တနင်္သာရီမြို့နယ်၊ ကုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးရုံတက်ပြီး ကိုယ်တိုင် ရေးဖြေဆိုသဖြင့် စုစုပေါင်းဖြေဆိုသူဦးရေမှာ (၁၈၅၃) ဦးဖြစ်ပြီး ဖြေဆိုမှုရာနှုန်းသည် (၉၂.၃၇) ဖြစ်သည်။
Mar 13,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ကလေးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါသင်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။
Mar 13,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာ များတွင် ဒေသခံကျေးလက်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ရည်ရွယ်ပြီး မြို့နယ်ရုံးဝန်ထမ်းများက အဖွဲ့(၂)ဖွဲ့ဖြင့် ကျေးရွာများသို့ ကွင်းဆင်းသွားရောက်ပြီး ရေအရင်းအမြစ် စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
Mar 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (သင်္ချာဘာသာရပ်) ကို ယနေ့နံနက် ၉ နာရီမှ စတင်ဖြေဆိုကာ ကျောင်းသား၊ ကျောင်းသူများ လာရောက် ဖြေဆိုကြသည်။
Mar 13,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၉) ခုဖွင့်၍ ကျင်းပလျက်ရှိရာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေသည့် ကျောင်းသားကျောင်းသူများအား အထောက်အပံ့ဖြစ်စေရန် စာစစ်ဌာနအသီးသီး၌ ကျောင်းသုံးစာရေးကိရိယာ ပစ္စည်းများကို စေတနာရှင် အလှူရှင်များ က အခမဲ့လှူဒါန်းကြောင်း သိရသည်။
Mar 13,2020
သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအား ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပရာ
Mar 13,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးရုံး (မုံရွာ) ကွပ်ကဲမှုအောက်ရှိ ပုလဲမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်း ပွဲကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။