ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 13,2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာန (၅) ခုတို့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ယနေ့၌ သင်္ချာဘာသာကို ဖြေဆိုနေကြပြီဖြစ်သည်။
Mar 13,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာသွားလာနိုင်ရေးအတွက် မြို့ပေါ်ရှိဖြေဆိုမည့် စာစစ်ဌာန ကျောင်းများရှေ့တွင် ယနေ့နံနက်(၇) နာရီအချိန်က ယာဉ်စည်းလမ်းစည်းကမ်း ဆောင်ရွက်ခဲ့ကြသည်။
Mar 13,2020
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် (၉) နာရီက နိုင်ငံတစ်ဝန်း စာဖြေဌာနများတွင် သင်္ချာဘာသာရပ်အား တတိယနေ့ ဆက်လက်ဖြေဆိုလျက်ရှိရာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့တွင် စာဖြေဌာန (၁၁) ခုရှိပြီး စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၆၀၉၀) ဦး၊ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၅၈၂၁) ဦး ဖြေဆိုရန် ပျက်ကွက်သူ (၂၆၉) ဦး၊ ဖြေဆိုသည့်ရာခိုင်နုန်းမှာ (၉၅•၅၈) ရာခိုင်နုန်းရှိကြောင်း သိရသည်။
Mar 13,2020
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ အိမ်ယာမြေပိုင်ဆိုင်ထားရှိမှုနှင့် ပတ်သက်၍ ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 13,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ART ဆင့်ပွားဆေးကုသမှုဌာန (ART DC Site) အသစ်ဖွင့်လှစ်ခြင်းကို အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပခဲ့သည်။
Mar 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃) မိုင်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဋ္ဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း သင်တန်းကျောင်း (လပွတ္တာ) ၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် (၉) နာရီအချိန်က အဆိုပါသင်တန်းကျောင်း သင်တန်းခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင် ဆက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြော​ကြားခဲ့သည်။
Mar 13,2020
ပခုက္ကူမြို့နယ် အနောက်နံဂါတ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ မျက်စိဝေဒနာရှင်များအား မတ်လ ၁၀ ရက်နေ့မှစတင်၍ အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။
Mar 13,2020
မိတ္ထီလာမြို့နယ် ပြည်သူ့ဝန်ဆောင်မှု (OSS) ရုံး၏ ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ပြည်သူ့ အမှတ်ပေးကတ်ဖြင့် လေ့လာတွေ့ရှိမှုများ ပြန်လည်မျှဝေတင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပေါက်ချောင်းရပ်ကွက် ဟိုတယ်ထီလာခန်းမတွင် ကျင်းပ ကြောင်းသိရသည်။