ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 14,2020
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းတွင် ကိုရိုနာဗိုင်း(စ်)ကူးစက်ရောဂါ(COVID-19) သံသယရှိလူနာများအား ကျန်းမာရေးစောင့်ရှောက်နိုင်ရန် ကွင်းဆင်းကြည့်ရှု ခဲ့မှုအပေါ် မတ်လ(၁၄)ရက်နေ့တွင် စုပေါင်းလမ်းလျှောက်ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ဖိတ်စာများဖြန့်ဝေခဲ့မှု နှင့်ပတ်သက်၍ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမရှိစေရေးနှင့် အယူအဆလွဲမှားမှု မရှိစေရန်အတွက် ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို မတ်လ (၁၃)ရက် မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမတွင် ကျင်းပခဲ့သည်။
Mar 14,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် Corona virus  Disease-2019  (COVID-19) ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် (၁၀)နာရီခွဲက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ တွင် ကျင်းပခဲ့သည်။
Mar 14,2020
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု လွှတ်တော်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းအကောင်အထည်ဖော်ရေး အဖွဲ့ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင် က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
Mar 14,2020
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က  ကျောက်ဆောက်ကျေးရွာ တွင် ကျင်းပခဲ့သည်။
Mar 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မုဒိတာ အိမ်ရာ(၁) မုဒိတာတွဲလက်များ အောက်စီဂျင်လေ အလှူတော်အသင်းနှင့် ကျေးရွာအလှူရှင်များ စုပေါင်း၍ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်းအုပ်စု၊ နင်းကြမ်းကျေးရွာရှိ ဖြူစင်မေတ္တာနာရေးနှင့် လူမှု ကူညီရေးအသင်းသို့ အသက်ကယ်အောက်စီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ် လှူဒါန်းပွဲကို အဆိုပါကျေးရွာရှိ ဗုဒ္ဓဝါဒီ ကျောင်းတိုက်၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်သည်။
Mar 14,2020
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကျေးရွာ(၁၄)ရွာသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လယ်ဝေး မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Mar 14,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ(COVID-19)နှင့်ပတ်သက်၍ ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ(COVID-19)လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၇ နာရီက ဝေါလေမြိုင်မြို့၊ ဈေး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Mar 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ စိန်လည်ကျေးရွာတွင် တောင်သူအချို့သည် ဆောင်းသီးနှံဖြစ်သည့် ဂန္ဓမာပန်း စိုက်ပျိုးခြင်းလုပ်ငန်းကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးသည့်အဆင့်မှ စီးပွားဖြစ် စိုက်ပျိုးသည့် အဆင့်ထိ လုပ်ကိုင်လာ ကြကြောင်း သိရသည်။