သတင်းများ

မိုင်းဖြတ်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးနိုင်‌ရေး တောင်သူများသို့ မျိုးစေ့များပေးအပ်
Dec 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သီးထပ်စွမ်းအားတိုးတက်ရေးနှင့်စားသုံးဆီဖူလုံရေးအတွက်ရည်ရွယ်ပြီး မျိုးစေ့များ (အခမဲ့) ပေးအပ်ခြင်းကို ဒီဇင်ဘာလ ၁၂ ရက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ပေးအပ်ခဲ့သည်။
ကျုံပျော်မြို့နယ် ရွာသစ်ကျေးရွာ၌ ဆိုလာသုံးဝါယာကြိုး အပူလွန်ကဲမှုကြောင့် နေအိမ်နှစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား
Dec 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မီးသတ်စခန်းနှင့် နှစ်မိုင်ခန့် ကွာဝေးသော ပျဉ်ချဆိပ်အုပ်စု  ‌ရွာသစ်ကျေးရွာ၌ ယမန်နေ့ည ၁၁ နာရီ ၅၀ မိနစ်အချိန်က ဆိုလာသုံးဝါယာကြိုး အပူလွန်ကဲမှုကြောင့် နေအိမ်နှစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ
Dec 12,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ သာယာဝတီခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁ဝ နာရီက အ.ထ.က(နတ်တလင်း)၌ ကျင်းပခဲ့သည်။
ချောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 12,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ဌာနဆိုင်ရာများပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယနေ့နံနက်၉ နာရီအချိန်က ကျင်းပခဲ့သည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campaign)မင်းတုန်းမြို့တွင် ပြုလုပ်
Dec 12,2025
ပါတီစုံဒီမိုက‌‌ရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာများကို မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းမှ ကြီးကြပ်၍ ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပြည်လမ်း၊ မြို့မအားကစားကွင်းရှေ့တွင် “ဒို့အတူတူမဲပေးကြမယ်” Billboard စိုက်ထူခဲ့ကြပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူများအား Smart Card များ ဆက်လက်ထုတ်ပေးလျက်ရှိ
Dec 12,2025
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး သင်္ဃန်းကျွန်းမြို့ရုံးတွင် မြို့နယ်အတွင်းရှိ ပြည်သူများအား Smart Card (Biomertric Card) များအား မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းနိုင်ထွေးနှင့် ဝန်ထမ်းများက နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပင်းတယမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရည်ချွန် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Dec 12,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ဆူးဗိုလ်ကုန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ပညာရည်ချွန် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအသိပညာပေး လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ
Dec 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း အားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးနှိုးဆော်သည့် ဒို့အတူတူမဲပေးကြမယ်လက်ကမ်းစာစောင်များအား ငွေဆောင်မြို့ရှိ လူစည်ကားရာနေရာများတွင် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများပူးပေါင်း၍ ဆက်လက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။