သတင်းများ

ဘီးလင်းမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းဆင်းပွဲကို ဆင်အင်း‌ကျေးရွာ၌ ပြုလုပ်
Aug 07,2020
ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ Covid - 19 ကာလအတွင်း စီးပွားရေး အပေါ် ထိခိုက်မှု သက်သာရေးအတွက် တိရိစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေပိုင်းက ဆင်အင်း ကျေးရွာ ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကသာမြို့နယ်ရှိ ဈေးများတွင် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာခြင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ရွေး ကောက်ပွဲအရာရှိ ဦးစိုင်းသန်းနိုင်နှင့် ဝန်ထမ်းများသည် မဲဆန္ဒရှင်ပြည်သူများအနေ ဖြင့် မဲစာရင်းကြေညာကပ်ထားခြင်းကို ပြည်သူအများ ကျယ်ပြန့်စွာ သိရှိနိုင်ရန် ရည် ရွယ်၍ မဲဆန္ဒရှင်စာရင်း ကြေညာကပ်ထား ခြင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာ စောင်များကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရှိ ဈေးများအတွင်း၌ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူ(၄၈)ဉီးထပ်မံဝင်ရောက်
Aug 07,2020
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဩဂုတ်လ ၆ ရက်နေ့၊ ညနေ(၆)နာရီ အချိန်က(၈)ဉီး နှင့် ယနေ့ မွန်းလွဲ(၃)နာရီအချိန်က(၄၀)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၄၈)ဉီး ထပ်မံ ဝင် ရောက်လာခဲ့ကြောင်း သိရသည်။
တန့်ဆည်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး ၊ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ/မရှိ ယနေ့နံနက်ပိုင်းက ရှောင်တခင် လိုက်လ ံစစ်ဆေးခဲ့သည်။
မော်လမြိုင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းလာရောက်ကြည့်ရှုသူ ၁၇၀၀၀ ကျော်ရှိပြီးဖြစ်
Aug 07,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် (ပထမအကြိမ်) မဲဆန္ဒရှင်ပြည်သူစာရင်းများကို ဇူလိုင် ၂၅ ရက်နေ့မှ စတင်ကာ မွန်ပြည်နယ် မော်လမြိုင် မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားဆောင်ရွက်ထားရှိရာ ဩဂုတ်လ ၆ ရက် နေ့ထိ မဲစာရင်းလာရောက်ကြည့်ရှုသူ ၁၇၀၀၀ ကျော်ရှိပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
ကျိုက်မ​ရောမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းအချက်အလက်များ မှန်ကန်​စေ​ရေးပြင်ဆင်​လျှောက်ထား
Aug 07,2020
မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်အတွင်းရှိရပ်ကွက်နှင့်​ ကျေးရွာအသီးသီးတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ (၂၅)ရက်​​​နေ့မှသြဂုတ်လ(၁၄)ထိရက်ထပ်တိုး၍​ ကြေညာ ပေးလျက်ရှိရာ အဆိုပါမဲစာရင်းများ၌ အချက်အလက်များ မှန်ကန်ပြည့်စုံမှုရှိ​စေရေးအတွက် ပြည်သူများလာ​ရောက်ကြည့်ရှု၍ ပြင်ဆင်ရန် ရှိသည့် အချက်အလက်များကို လာ​ရောက်ပြင်ဆင်​လျှောက်ထားလျက်ရှိ​ကြောင်း သိရသည်။
ဝက်လက်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဆန္ဒမဲ​ပေးခွင့်ရှိသူ​ပေါင်း ၁၆၀၀၀၀ ​ကျော်ရှိ
Aug 07,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်​နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး​ကောက်ပွဲကြီးအတွက် ဝက်လက်မြို့​ပေါ် ၃ ရပ်ကွက်နှင့် ​ကျေးရွာအုပ်စု ၆၉ အုပ်စုတို့တွင် အသက် ၁၈နှစ်ပြည့်ပြီး ဆန္ဒမဲ​ပေးပိုင်ခွင့်ရှိသူ ​ပေါင်း ၁၆၀၀၀၀ ​ကျော်ရှိ​ကြောင်း သိရသည်။