သတင်းများ

တွံတေး၌ ဗီဒီယိုသတင်းရိုက်ကူးတည်းဖြတ်မှုဆင့်ပွားသင်တန်းဖွင့်လှစ်
Feb 27,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ဗီဒီယိုသတင်းရိုက်ကူးတည်းဖြတ်ပေးပို့နည်း ဆင့်ပွားပို့ချမှုသင်တန်းအား ယနေ့နံနက်(၁၀)နာရီတွင် တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြာင်း သိရ သည်။
ဂန့်ဂေါမြို့ မြို့မရပ်ကွက်တွင် အေးသုတ စာကြည့်တိုက်ဖွင့်
Feb 27,2020
ဂန့်ဂေါမြို့ မြို့မရပ်ကွက်တွင် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၉ နာရီ က အေးသုတစာကြည့်တိုက်ဖွင့်ပွဲကို အဆိုပါစာကြည့်တိုက်ရှေ့တွင် ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေး၊ စာကြည့်တိုက် အဆောက်အဦး အလှူရှင် အထက်တန်းကျောင်းအုပ်ဆရာမကြီး (ငြိမ်း) ဒေါ်အေးဟန်၊ မြို့မိမြို့ဖ ဦးနိုင်ဦးတို့ က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြသည်။
မုံးကိုးမြို့၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကြိုတင်ကာကွယ်ရေး ရွေ့လျားအသိပညာပေး လုပ်ငန်းများဆောင်ရွက်
Feb 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ပျံ့ပွားလာခြင်းမရှိစေရန်နှင့် ပြည်သူလူထုများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက် (၁၀)နာရီအချိန် တွင် မုံးကိုးမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးမျိုးလွင်၊ ဒေါက်တာဒီးအောင်နှင့် ဌာနဆိုင်ရာများဝိုင်းဝန်းပူးပေါင်းပြီး ရွေ့လျားအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သည်။
Coronavirus 2019 (COVID-19) ရောဂါ အသိပညာပေးလက်ကမ်းစာစောင်များ လူစည်ကားရာနေများတွင် လိုက်လံဖြန့်ဝေ
Feb 27,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ Coronavirus 2019 (COVID-19) ရောဂါ အသိပညာပေးလက်ကမ်းစာစောင်များကို လူစည်ကားရာ နေရာများတွင် လိုက်လံဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၊ မြို့မစျေးရှေ့တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြခြင်း ဆောင်ရွက်
Feb 27,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ မြို့မစျေးရှေ့တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်စည်ပင်သာယာ ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြခြင်းအား ယနေ့နံနက် (၁၁) နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင် ကိုယ်ပိုင်ကျေးလက်ဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Feb 27,2020
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်ရာ မတော်တဆ မီးလောင်မှု မရှိစေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကိုယ်ပိုင် ကျေးလက်ဈေးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဌာနနှင့် ဆိုက်ခေါင် ဈေးကော်မတီတို့ ပူးပေါင်း၍ ဈေးမီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ကန်ကြီးထောင့်မြို့ ဟွာမှုန်အထည်ချုပ်စက်ရုံ၌ မီးဘေးလုံခြုံရေး အသိပညာ‌ပေးနှင့် မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက် လေ့ကျင့်ခြင်း ဆောင်ရွက်
Feb 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် ရုတ်တရက် မီးဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက စနစ်တကျ မီးငြှိမ်းသတ်တတ်စေရန် ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီက အမှတ် ၄ ရပ်ကွက်ရှိ ဟွာမှုန် အထည်ချုပ်စက်ရုံ၌ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက် လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
ရွှေဘိုခရိုင်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ စားသုံးသူကာကွယ်ရေး ဥပဒေပါပြဋ္ဌာန်းချက်များကို သိရှိစေရန် အသိပညာပေးဆောင်ရွက်
Feb 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များအလိုက် စီးပွားရေးလုပ်ငန်းရှင်းများ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များကို သိရှိစေရန် အသိပညာပေးဆောင်ရွက်မှုများကို ယခု ရက်သတ္တပတ်အတွင်း ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။