သတင်းများ

သုံးခွမြို့မဈေးအတွင်း စားသုံးသူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်မျိုးစုံဆိုင်များနှင့် ဆေးဆိုင်များအား သွားရောက်စစ်ဆေး
Feb 28,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စည်ပင်သာယာ မြို့မ‌ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များနှင့် ဆေးဆိုင်များသို့ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က သွားရောက်၍ ဈေးကွက်အတွင်းရှိ ဘုတ်ဆုံမ၊‌‌ ဒေါ်ထွေး၊ အမှတ်တံဆိပ်ပါ ငရုပ်သီးအကျက်မှုန့်များ၊ စားသုံးဆီများနှင့် စံမညီ‌ ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
တက္ကသိုလ်၀င် စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ သဘာ၀ဘေးအန္တရာယ်နှင့် မီး‌ဘေးကင်းဝေးစေရေး စစ်ဆေး
Feb 28,2020
ရေဦးမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးခင်မောင်မြင့်နှင့် မြို့နယ်မီးသတ်ဦးစီးမှူးရုံးဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ယနေ့နံနက် ၉ နာရီက ဒုမီးသတ်ဦးစီးမှူးများဖြစ်သော ဦးအောင်ကိုနိုင်၊ ဦးသန့်ဇင်ဖြိုးနှင့် လက်ထောက် မီးသတ် ဦးစီးမှူးများ သန္ဓေတပ်ဖွဲ့၀င်များ အရန်မီးသတ်တပ်ဖွဲ့၀င်များသည် ၂၀၂၀ ခုနှစ် တက္ကသိုလ်၀င် စာမေးပွဲကျင်းပမည့် စာစစ်ဌာနများနှင့် စာစစ်ဌာန၀န်းကျင်ရှိ ရပ်ကွက်ကျေးရွာများတွင် မီးဘေးကြိုတင် ကာကွယ်နိုင်‌စေရေး စစ်ဆေးခြင်း အကြံပြုခြင်းများကို အဖွဲ့နှစ်ဖွဲ့ခွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲ၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်
Feb 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် အခြေခံပညာ အထက်တန်းကျောင်း ကရဝိက်ခန်းမ၌ ကျင်းပခဲ့သည်။
ဘုတလင်မြို့နယ်တွင် NEP အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်း အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများကို ယမန်နေ့ နေ့လည်ပိုင်းက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇေလင်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နှင့်ဆက်သွယ်မည့် ကျေးလက်ဆက်သွယ်ရေးလမ်း ကွန်ကရစ်ခင်းကျင်းနေမူများအား ကွင်းဆင်းစစ်ဆေး
Feb 28,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီး Budget ဖြင့် ဆောင်ရွက်နေသည့် ခရမ်း - ကရင်ကန် ဆက်သွယ်ရေးလမ်း ကွန်ကရစ်ခင်းကျင်းနေမူ များကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှူစစ်ဆေးခဲ့သည်။
ဖာပွန်မြို့၌ ပြည်သူ့စကားဝိုင်း ကျင်းပမည်
Feb 28,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှု​ရေးအသင်းအဖွဲ့များပူးပေါင်း၍ "ကြိုတင်ကာကွယ် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်" ခေါင်းစဉ် ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ၌ မတ်လ ၆ ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
ကွန်ပျုတာ သင်တန်းဆင်းပွဲ ကျင်းပ
Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီအချိန်က ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော ကွန်ပျုတာသင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ကယားပြည်နယ် လူငယ်ရေးရာကော်မတီ အစည်းအဝေးကို လွိုင်ကော်မြို့၌ကျင်းပ
Feb 28,2020
ကယားပြည်နယ် လူငယ်ရေးရာကော်မတီ အစည်းအ‌ဝေးကို ယနေ့ နံနက် ၉ နာရီ ခွဲအချိန်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးရုံးခန်း၌ ကျင်းပသည်။