အမြို့မြို့အနယ်နယ်သတင်းများ

Jun 03,2021
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့ အခြေခံပညာစာသင်ကျောင်းများ ၌ ဇွန်(၂)ရက် နေ့တွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိ ကြ သည်။
Jun 03,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ဇွန်လ(၁)ရက်နေ့က အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး ကျောင်းများတွင် ပညာသင်ကြားနေမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေအား ယနေ့နံနက် (၉)နာရီခွဲ က တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jun 03,2021
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုးတို့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုကို ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Jun 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ အခြေခံပညာကျောင်းများဖွင့်လှစ်ပြီး ပညာသင်ကြားနေမှု အခြေအနေများအား ယမန်နေ့နံနက် (၉)နာရီခွဲ က တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jun 03,2021
နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေး ဌာနက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား လစဉ်ပုံမှန်ကာကွယ်ဆေးများ  ထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းကို  ဇွန် ၁ ရက်နေ့က စတင်၍  နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ သုံးရက်တိုင်တိုင် အဆိုပါဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
Jun 03,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတွင်  ယမန်နေ့ ဇွန်လ ၁ ရက်နေ့မှစ၍ ၂၀၂၀-၂၀၂၁  ဘဏ္ဍာ​ရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြှင့်စက်ချုပ်သင်တန်းကို  အခမဲ့ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Jun 02,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဟိန္ဒားသတ္တုတွင်းနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။