အမြို့မြို့အနယ်နယ်သတင်းများ

Jun 02,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုဆိုင်ကယ်ပြင် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက အဆိုပါဦးစီးဌာနရုံး၌ ကျင်းပသည်။
Jun 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပုလဲသီတာခန်းမ၌ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မြို့နယ်အတွင်းရှိပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Jun 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့ နံနက် ၆ နာရီ အချိန်မှစ၍ Mask Campaign ပြုလုပ်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
Jun 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်သံဃနာယကရုံးခန်းမတွင် ၂၀၂၁ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက စတင်ဖြေဆို လျက်ရှိသည်။
Jun 02,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ကိုရံတောင်ကျေးရွာ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ အသက် ၆၅နှစ်အထက် သက်ကြီး ဘိုးဘွားများနှင့် လူမှုရေးအသင်းအဖွဲ့များ ၊ ပြည်သူများအား ယနေ့နံနက် ၉နာရီမှစ၍ ကိုရံတောင် ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင်ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိ ကြောင်း သိရသည်။
Jun 02,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ်အတွင်း၂၀၂၁ -၂၀၂၂ ပညာသင်နှစ်အတွင်း အခြေခံ ပညာ ကျောင်းများကို ဇွန်လ၁ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။
Jun 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကြက်ခြေနီအသင်း(အင်းစိန်)မှ ပြည်သူများ၏ ကျန်းမာရေးကိစ္စများကို နေ့စဉ်(၂၄)နာရီ လူနာတင်ယာဉ်ကား(၂)စီးဖြင့် တာဝန်ရှိသူ များကရှေးဦးပြုစုနည်းဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်းသိရသည်။
Jun 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။