အမြို့မြို့အနယ်နယ်သတင်းများ

Aug 07,2020
သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် (၂၀၂၀) ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများကို ပြည်သူများ အလွယ်တကူ သိရှိ လိုက်နာဆောင်ရွက်နိုင်စေရန် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ မွန်းတည့် (၁၂) နာရီက အသိပညာပေး ပြသဆောင်ရွက်ခဲ့သည်။
Aug 07,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပရဟိတလူငယ်အဖွဲ့များပူးပေါင်း၍ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေခြင်းကို ဩဂုတ် (၆) ရက်နေ့ နံနက် (၉) နာရီက မြို့မစည်ပင်သာယာဈေးကြီး လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
Aug 07,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ သွားလာရေးပိုမိုအဆင်ပြေလွယ်ကူစေရန်အတွက် မြို့ချောင်းကူးတံတားကြီးအား အကြီးစား ပြင်ဆင်မှုလုပ်ငန်းများကို ဇွန်လ (၂၄) ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုဩဂုတ်လ (၆) ရက်နေ့တွင် (၈၀) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း တံတားကြီးပြင်ဆင်မှုလုပ်ငန်းများကို တာ၀န်ယူဆောင်ရွက်လျက်ရှိသော ဦးရဲမြင့်ထွန်းထံမှ သိရသည်။
Aug 07,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် နေထိုင်သည့်ပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်စွာဝယ်ယူစားသုံးနိုင်စေရေး အတွက် မြို့မစျေးအတွင်း၌ အသားငါးစစ်ဆေးမှုများအား ယမန်နေ့ နံနက်(၇)နာရီအချိန်တွင် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
Aug 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မျိုး၊ မြေသြဇာ၊ ပိုးသတ်ဆေးနှင့်ပတ်သက်သော သင်တန်းကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့မစခန်းတွင် ကျင်းပပြုလုပ်သည်။
Aug 06,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၌မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်း​ရေးမှူးနှင့် အဖွဲ့ဝင်များက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများထံ ဖြန့်ဝေ​ပြီး လူစည်ကားရာ နေရာများတွင် ပိုစတာများ ကပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြကြောင်းသိရသည်။
Aug 06,2020
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့်ပြည်သူတစ်ရပ်လုံး ရရှိခံစား သင့်သောအခွင့်အရေးများကို အပြည့်အဝရရှိနိုင်ရန်နှင့် အခွင့်အရေးများ
Aug 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခု၊ မိုးစပါးလျာထားဧက (၁၀၀၈၈၄) လျာထားရာ မိုးစပါးစိုက်ပျိုးဧက ပြည့်မီရေးအတွက် မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများမှ ရေလိုအပ်ချက်နည်းသော စပါးစိုက်နည်းစနစ် များကို တောင်သူများနှင့်အတူ နယ်မြေအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။