Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဘားအံခရိုင်၊ ပိုင်ကျုံတံတား အကြီးစားပြင်ဆင်မှုလုပ်ငန်းများ (၈၀) ရာခိုင်နှုန်းပြီးစီး
Aug 07,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ သွားလာရေးပိုမိုအဆင်ပြေလွယ်ကူစေရန်အတွက် မြို့ချောင်းကူးတံတားကြီးအား အကြီးစား ပြင်ဆင်မှုလုပ်ငန်းများကို ဇွန်လ (၂၄) ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုဩဂုတ်လ (၆) ရက်နေ့တွင် (၈၀) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း တံတားကြီးပြင်ဆင်မှုလုပ်ငန်းများကို တာ၀န်ယူဆောင်ရွက်လျက်ရှိသော ဦးရဲမြင့်ထွန်းထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုရားသုံးဆူမြို့၊ မြို့မစျေးတွင် အာဖရိကအပြင်းဖျားဝက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်စေရေး စစ်ဆေးဆောင်ရွက်
Aug 07,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် နေထိုင်သည့်ပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်စွာဝယ်ယူစားသုံးနိုင်စေရေး အတွက် မြို့မစျေးအတွင်း၌ အသားငါးစစ်ဆေးမှုများအား ယမန်နေ့ နံနက်(၇)နာရီအချိန်တွင် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့နယ်၌ မျိုး၊ မြေသြဇာ၊ ပိုးသတ်ဆေးနှင့်ပတ်သက်၍ သင်တန်းဖွင့်လှစ်
Aug 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မျိုး၊ မြေသြဇာ၊ ပိုးသတ်ဆေးနှင့်ပတ်သက်သော သင်တန်းကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့မစခန်းတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသည့် အသိပညာပေးလက်ကမ်း စာစောင်များနှင့် ပိုစတာများဖြန့်ဝေ
Aug 06,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၌မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများထံ ဖြန့်ဝေပြီး လူစည်ကားရာ နေရာများတွင် ပိုစတာများ ကပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ် အသိပညာပေးသင်တန်းဖွင့်လှစ်
Aug 06,2020
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့်ပြည်သူတစ်ရပ်လုံး ရရှိခံစား သင့်သောအခွင့်အရေးများကို အပြည့်အဝရရှိနိုင်ရန်နှင့် အခွင့်အရေးများ
အပြည့်အစုံ ဖတ်ရန်
ခင်ဦးမြို့နယ်တွင် မိုးစပါးလျာထားဧက တစ်သိန်းကျော်ပြည့်မီရေးစိုက်ပျိုး
Aug 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခု၊ မိုးစပါးလျာထားဧက (၁၀၀၈၈၄) လျာထားရာ မိုးစပါးစိုက်ပျိုးဧက ပြည့်မီရေးအတွက် မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများမှ ရေလိုအပ်ချက်နည်းသော စပါးစိုက်နည်းစနစ် များကို တောင်သူများနှင့်အတူ နယ်မြေအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောတွင် မိုးသည်းထန်စွာရွာသွန်းပြီး အတ္တရံမြစ်ရေမြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိနေအိမ်များသို့ ရေဝင်ရောက်
Aug 06,2020
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် သြဂုတ်လ ၃ ရက်မှ ၆ ရက်နေ့ထိ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် အတ္တရံမြစ်ရေတိုးလာသဖြင့် ကျိုက်မရောမြို့ပေါ်ရှိ ရှင်စောပုရပ်ကွက် ထုံးဘိုပိုင်းရှိနေအိမ်များအတွင်းသို့ မြစ်ရေများ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ရန်ပုံငွေပေးအပ်ပွဲနှင့် Cash For Work စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Aug 06,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်းကြောင့် ကျေးလက်ဒေသများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်၍ လုပ်အားခထောက်ပံ့ပေးခြင်းဖြင့် ကျေးရွာနေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် Cash For Work စီမံကိန်းနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူများအတွက် လိုအပ်သောသွင်းအားစုနှင့် ငွေကြေးအရင်းအရင်းအနှီးများ ရရှိစေရန်ရည်ရွယ်၍ ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (VRFP) ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30197
Page
30198
Page
30199
Page
30200
Current page
30201
Page
30202
Page
30203
Page
30204
Page
30205
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department