ရန်ကုန်တိုင်းဒေသကြီး

တာမွေမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာတွင် ပြည်သူတစ်ရပ်လုံးမဲပေးခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လာပြီး ရွေး‌ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။

ကျောက်တန်းမြို့နယ်၌ သဘာ၀ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ အ.မ.က ညောင်ဝိုင်းကျောင်းတွင် ကျင်းပ

‎သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် အ.မ.က ညောင်၀ိုင်းကျောင်းတွင် သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်‌ပွားစေရေးအတွက် မီးသတိမူရေးအသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို မကြာမီကျင်းပပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲမကျင်းပမီနှင့် ကျင်းပနေစဉ်ကာလအတွင်း မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်‌ပွားစေရေးအတွက် ယမန်နေ့ညပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ မီးသတိမူရေးအသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။

အလုံမြို့နယ်တွင် ကိုယ်၀န်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်း‌ဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အတွင်းရှိ ကိုယ်၀န်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်‌ပွားစေရေးအတွက် မီးသတိမူရေးအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို မကြာမီကျင်းပပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲမကျင်းပမီနှင့် ကျင်းပနေစဉ်ကာလအတွင်း မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်‌ပွားစေရေးအတွက် ယမန်နေ့ညပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ မီးသတိမူရေးအသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အား အောင်မြင်စွာကျင်းပနိုင်ရေးပြည်သူများနှင့် တွေ့ဆုံ၊ မဲရုံများအား ဆက်လက်ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲများကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ (ဌ) ရပ်ကွက်ရှိ နိဗ္ဗာန်အောင်ဓမ္မာရုံနှင့် ရွှေပေါက်ကံမြို့သစ်ရပ်ကွက်တို့တွင် ပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများ တက်ရောက်ကြသည်။

လမ်းမတော်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုအဖြစ် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ အရှိန်အဟုန်မြှင့်ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ကမ်းနားလမ်းနှင့် လမ်းသစ်လမ်းထောင့်ရှိ မော်တင်လူကူးဂုံးကျော်တံတားအောက်၌ ယနေ့နံနက် ၈ နာရီအချိန်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုအဖြစ် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ အရှိန်အဟုန်မြှင့်ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

သန်လျင်မြို့ မူလွန် ဗိုလ်ချုပ် (၁) ကျောင်း၌ နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲဆောင်ရွက်

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲကို ယနေ့မွန်းလွဲ (၁) နာရီအချိန်တွင် မူလွန်ဗိုလ်ချုပ် (၁) ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

ဒေါပုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ ဉာဏ်စမ်းနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ ကျင်းပဆောင်ရွက်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ ဉာဏ်စမ်းနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ‌အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျင်းပဆောင်ရွက်ခဲ့ကြသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များအား အရှိန်အဟုန်မြှင့်ဆက်လက်ဖြန့်ဝေ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂၅) ရက်နေ့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အပိုင်း (၃) ကို ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကျင်းပပြုလုပ်မည့်ဖြစ်ရာ ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှုလက်ကမ်းစာစောင်များအား မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ လူစည်းကားရာနေရာဖြစ်သည့် စံပြဖဆပလရပ်ကွက်၊ဖဆပလ‌ ဈေး၊မင်္ဂလာ‌တောင်ညွန့်ရပ်ကွက် မြယာကုန်းလမ်းရှိ မင်္ဂလာတောင်ညွန့်ဈေးနှင့် သိမ်ဖြူမီးရထားရပ်ကွက် ဗိုလ်မင်းရောင်လမ်းရှိ သိမ်ဖြူ‌ဈေးများတွင် ယနေ့နံနက် (၈) နာရီကစ၍ တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့ပါကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး