ရန်ကုန်တိုင်းဒေသကြီး

လူထုအခြေပြုဗဟိုဌာန (ကော့မှူး) ၌ စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများအား ကျင်းပခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သာကေတမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှုနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှုနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

သုံးခွမြို့နယ်အတွင်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်

စားသုံးသူဦးစီးဌာန စားသုံးသူများအသုံးပြုမည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရေးအတွက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဥ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေဖော်ပြရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် စားသုံသူရေးရာဦးစီးဌာန၊ ကျန်းမာရေး​ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ အိမ်သုံးလျှပ်စစ်ပစ္စည်းရောင်းချသည့်ဆိုင်များတွင် မြန်မာဘာသာဖြင့်ဖော်ပြထားမှု ရှိ/မရှိကို မတ် (၆) ရက်နေ့မွန်းလွဲ (၂) နာရီအချိန်က အသိပညာပေးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပပြုလုပ်မည့် စာစစ်ဌာနတည်ရှိရာ မြို့မရပ်ကွက်နှင့် ကံကြီး/မကျီးရပ်ကွက်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံ‌တေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပြုလုပ်မည့်စာစစ်ဌာနတည်ရှိရာ မြို့မရပ်ကွက်နှင့် ကံကြီး/မကျီးရပ်ကွက်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းသို့ ပြောင်း‌ရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မတ် ၇ ရက်နေ့ နံနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်ရုံးများတွင် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် ဈေးကွက်အတွင်း အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကွမ်းခြံကုန်း၊ မြို့မဈေးတွင် ရောင်းချနေသော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်‌စောင့်ကြည့်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီသို့ရောက်ရှိနေပြီဖြစ်သဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်လံအသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မော်တော်ယာဉ်များ သတ်မှတ်ချက်နှင့်အညီ မောင်းနှင်ခြင်း ရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေး

ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မော်တော်ယာဉ်များ သတ်မှတ်ချက်နှင့်အညီ မောင်းနှင်ခြင်းရှိမရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး‌ရုံးအဖွဲ့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ထောင်စုလမ်းမကြီး မြို့နယ်ပန်းခြံရှေ့တွင် ယမန်နေ့မွန်းလွဲ ၃ နာရီက ဆောင်ရွက်ကြကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌  ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်းဆောင်ရွက်

န်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်‌နေပြည်သူများအား တစ်အိမ်တက်ဆင်း မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို မတ်၈ ရက်နေ့ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီထိ ဆောင်ရွက်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး