ငါန်းဇွန်မြို့နယ် ဆီကုန်သည်ကြီးများအသင်းမှ ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချ
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန် မြို့ပေါ်(၄)ရပ်ကွက်ရှိအိမ်ထောင်စုဝင်ပြည်သူများအား စားအုန်းဆီများကို အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ တစ်ပိဿာကျပ် (၇၃၀၀) နှုန်းဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက် (၈) နာရီကရောင်းချပေးသည်။