စဉ့်ကိုင်မြို့နယ်၌ Voter Slip များ ဖြန့်ဝေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း - ၂ တွင် ပါဝင်လျက်ရှိရာ မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးရာတွင် ဆန္ဒမဲအမှတ်စဉ်များ အလွယ်တကူသိရှိပြီး အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် တစ်အိမ်တက်ဆင်း Voter Slip များ လိုက်လံဖြန့်ဝေပေးခြင်းကို ရက်ကွက်/ကျေးရွာအုပ်စုများအလိုက် ယနေ့နံနက်ပိုင်းက ဆက်လက်ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။