မြစ်သားမြို့နယ်၌ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ၃ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မဲရုံတာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၈ ရက် နံနက် ၁၀ နာရီက မြစ်သားမြို့ အနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။