မန္တလေးတိုင်းဒေသကြီး

ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကျေးလက်လမ်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကျေးလက်လမ်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၂၄ ရက်၊ နံနက် ၉ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ အဆင်ပြေချောမွေ့စေရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ချမ်းအေးသာစံမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

စဉ့်ကိုင်မြို့နယ်၌ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မဲရုံတာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌ရေးမှူးများနှင့် ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနား တက်ရောက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ သူနာပြုသင်တန်းကျောင်း (မန္တလေး)တွင် ကျင်းပသည့် (၁၀) ကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်း အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သူနာပြုသင်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။       

တံတားဦးမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များကို တံတားဦးမြို့ မြို့မဈေး၊ နွားကျော်ဒဈေးနှင့် လူစည်ကားသည့် လက်ဖက်ရည်ဆိုင်များသို့ ယနေ့နံနက် ၁၀ နာရီက အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ တတိယအကြိမ် မဲဆန္ဒရှင်များစာရင်း ထုတ်ပြန်ကြေညာ

မကြာမီကာလအတွင်း ကျင်းပမည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်၍ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများ(တတိယ)အကြိမ် ထုတ်ပြန် ကြေညာ ပြည်သူများလာရောက်ကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပြည်သူများ၏ စာရင်းများအား ယမန်နေ့ကစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများနှင့် သက်ဆိုင်ရာနေရာများ၌ (တတိယ)အကြိမ် ထုတ်ပြန်ကြေညာထားရာ ပြည်သူများလာရောက်ကြည့်ရှုကြကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး ၁,၀၉၂၂ ဧကထိ ရိတ်သိမ်း ပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် ၉၈ ဒသမ ၂၃ တင်းနှုန်းထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုး ရာသီကဒေသအတွင်း ဆန်စပါးဖူလုံပိုလျှံရေးအတွက် ဆည်ရေသောက်စနစ်ကို အဓိကအားထားပြီး ဒေသနှင့်ကိုက်ညီသည့် ဧရာမင်း၊ မနော်သုခ၊ ရွှေမနော်၊ အောင်နိုင်တိုး၊ GW-11 စသည့် မိုးစပါးမျိုးများစိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ၁,၀၉၂၂ ဧကထိ ရိတ်သိမ်းပြီးစီး ပြီဖြစ်ကာ တစ်ဧကလျှင် ၉၈ ဒသမ ၂၃ တင်းနှုန်း ထွက်ရှိ၍ စပါးတင်းစုစုပေါင်း ၁၀၇၂၈၆၈တင်း ထွက် ရှိကြောင်း မြစ်သားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ညောင်ဦးမြို့နယ်၌ သောက်သုံးရေလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ သောက်သုံးရေ လိုအပ်လျက်ရှိသော တောင်ဇင်းအုပ်စု၊ စံပြကျေးရွာ၊ ဂွေးပင်ဥကျေးရွာသို့ ဝေမျှခြင်းပရဟိတမိသားစု (ရန်ကုန်) က ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီက သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ မဲရုံနှင့် မဲရုံပတ်ဝန်းကျင် မီးဘေးလုံခြုံရေး စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့် မဲရုံနှင့် မဲရုံပတ်ဝန်းကျင် မီးဘေးလုံခြုံရေးကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး