ဧရာဝတီတိုင်းဒေသကြီး

ဝါးခယ်မတွင် ဆီထွက်သီးနှံ နေကြာ (ရုရှား) မျိုး စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာ ကွင်းအမှတ် ၁၀၁၄၊ ဦးပိုင်အမှတ် ၁/၁ ရှိ စိုက်ပျိုးထားရှိသော ဆီထွက်သီးနှံ နေကြာ (ရုရှား) မျိုးများ ဖြစ်ထွန်းအောင်မြင် လျက်ရှိသည်။

ဟင်္သာတမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံနာယကဆရာတော်ကြီးများ ကြီးမှူးကျင်းပသော (၂၅)ကြိမ်မြောက် ငွေရတုပရိယတ္တိသာသနပါလက စာမေးပွဲအောင် ဆုနှင်းသဘင်အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက်၊ ဦးခိုလမ်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီက ဟင်္သာတမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံနာယက ဆရာတော်ကြီးများ ကြီးမှူးကျင်းပသော (၂၅)ကြိမ်မြောက် ငွေရတု ပရိယတ္တိ သာသနပါလက စာမေးပွဲအောင် ဆုနှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

မအူပင်မြို့တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်အခြေခံပန်းချီရေးဆွဲနည်း သင်တန်း(အခမဲ့) သင်ကြားပို့ချခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်သင်ကြားသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာကျောင်းလမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်

(၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့နယ်၊ ရွှေတင်မြင်တင်ကျောင်းလမ်း ကတ္တရာလမ်းအရှည် (၅.၅) ဖာလုံ၊ အကျယ် (၁၂) ပေ ထု(၉)လက်မရှိ ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါလမ်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး ကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ဖျာပုံမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဖလား ဖိတ်ခေါ်အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံး ပြိုင်ပွဲကျင်းပရေး ကော်မတီတို့ပူးပေါင်း၍ လူငယ်လူရွယ်များ  ဗလငါးတန်နှင့် ပြည့်စုံစေရေး၊ ကျန်းမာကြံ့ခိုင်စေရေးနှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာ စေရန် ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား ဖိတ်ခေါ် အလွတ်တန်း ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၅ ရက် နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ပြည်သူ့အား ကစားကွင်းကြီးတွင် ဆက်လက်ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီး တောင်သူလယ်သမားနေ့အခမ်းအနား ပြင်ဆင်ထားရှိမှုများနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ စကားသံများ

ဧရာဝတီတိုင်းဒေသကြီးအဆင့် တောင်သူလယ်သမား နေ့အခမ်းအနားကို ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါသည်။ ၂၀၂၆ ခုနှစ် တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပရာ မရမ်းချောင်းကျေးရွာ၌ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဖျာပုံမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်အလွတ်တန်းဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီတို့ပူးပေါင်း၍ လူငယ်လူရွယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရေး၊ ကျန်းမာကြံ့ခိုင်စေရေးနှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ် အလွတ်တန်းဘောလုံးပြိုင်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ ပြည်သူ့ အားကစားကွင်းကြီးတွင် ဆက်လက်ကျင်းပသည်။

ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့် အထက်အဘိုးအဘွားများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်ခြင်းလုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀) နှင့်အထက် ဘိုးဘွားများအား ကျန်းမာရေးအခမဲ့စောင့် ရှောက်ခြင်းကို ယနေ့နံနက် (၀၈:၀၀) နာရီအချိန်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်(အစိုးရစစ်) နှစ်ဆုံးစာမေးပွဲ ကျောင်းသား/ ကျောင်းသူများဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (အစိုးရစစ်) နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများက မြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ သင်္ချာဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိသည်။

ရွှေသောင်ယံမြို့တွင် အသွားအလာများ၍ဖုန်ထခြင်းမှကာကွယ်နိုင်ရန် မြို့တွင်းမြေသားလမ်းပိုင်းများအားရေဖြန်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင်း ကမ်းခြေလမ်းမကြီးတစ်​ လျှောက်ရှိ အချို့မြေသားလမ်းပိုင်းနေရာများတွင် ကား၊ ဆိုင်ကယ် အစရှိသည့်မော်တော်ယာဥ်များသွားလာလှုပ်ရှားရာ၌ ဖုန်မှုန့်များထ၍ လမ်းဘေးရှိလူနေအိမ်များ၊ ရုံးဌာနများတို့တွင် ဖုန်မှုန့်များကြောင့်အခက်အခဲကြုံတွေ့နေရသဖြင့် ရွှေသောင်ယံမြို့ ၊ မြို့အုပ်ချုပ်ရေးမှူး၏အစီအစဉ်ဖြင့် တစ်နေ့နှစ်ကြိမ်ခန့်လမ်းမကြီးတစ်​လျှောက် ရေဖြန်းခြင်းဖြင့် ဖုန်မှုန့်ထခြင်းမှကာကွယ်နိုင်ရန် ဆောင်ရွက်ခဲ့ကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး