ဧရာဝတီတိုင်းဒေသကြီး

ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့်အထက် အဘိုးအဘွားများအား ကျန်းမာရေး အခမဲ့စောင့်ရှောက်ခြင်းလုပ်ငန်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့်အထက် ဘိုးဘွားများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်ခြင်းကို ယနေ့နံနက်(၀၈:၀၀)နာရီအချိန်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့ ပင်လုံရပ်ကွက်၌ ဖုန်းအားသွင်းရာမှ အပူလွန်ကဲမှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မီးသတ်စခန်းနှင့် တစ်မိုင်ခန့်ကွာဝေးသော ပင်လုံရပ်ကွက် မန်းကျောင်းလမ်း၌ ယမန်နေ့ည ၈ နာရီ ၄၅ မိနစ်အချိန်က ဖုန်းအားသွင်းရာမှ အပူလွန်ကဲမှုကြောင့် လူနေအိမ်သုံးလုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့တွင် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နိုဝင်ဘာလ(၂)ရက်နေ့မှ စတင်၍ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းအား ဖွင့်လှစ်ပြသပေးခဲ့ရာ ယနေ့နံနက် (၈း၃၀) နာရီအချိန်က တဲ့တဲ့ကူးကျေးရွာ၊ သာသနာ့ဇောတိပါလ ဓမ္မာရုံ၌ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့သည်။

ကျောင်းကုန်းမြို့၌ ကျင်းတစ်ထောင် ဆီတစ်ပုံး(နေကြာ)စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်းအုပ်စု၊ ဂုန်မင်းကျေးရွာနေတောင်သူ ဦး‌ဂျိုးမင်း၏ လယ်‌မြေတွင် ဆောင်းရာသီ ဆီထွက်သီးနှံအဖြစ် ကျင်းတစ်ထောင်လျှင် ဆီတစ်ပုံး (နေကြာ) စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့ကကျင်းပပြုလုပ်ခဲ့သည်။

ကျုံပျော်မြို့ အင်းရဲလမ်းကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းပြီးစီးမှုအား တာဝန်ရှိသူများမှ  ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အင်းရဲလမ်းအား အများပြည်သူသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ  လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများက ယမန်နေ့ကကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ကျိုက်လတ်၌ Book Club နှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက်ပိုင်းက Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ မောင်သာချိုရေးသားသည့် "စိတ်ကစားခဲ့စဉ်က အရိပ်များ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ရေကြည်မြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေး လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက လူစည်ကားသည့်နေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေမှူးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းနှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ပုသိမ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ငပုတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ငပုတောမြို့နယ်အတွင်းရှိ စုပေါင်းရေပေးဝေရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသော ရေကျော်ဆည်နှင့် ကျောင်းခြားရေလှောင်တမံတို့အား သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ငပုတောမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေးစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပမည့်မဲရုံများအား ဒီဇင်ဘာလ (၁၅)ရက်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးဆောင်သောအဖွဲ့က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ "ဒို့အတူတူ မဲပေးကြမယ်"  မြေစိုက်ပိုစတာစိုက်ထူ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးနိုင်စေရေး ကျောင်းကုန်း မြို့ထိပ်၌ "ဒို့အတူတူ မဲပေးကြမယ်"မြေစိုက်ပိုစတာစိုက်ထူပွဲကို ဒီဇင်ဘာလ(၁၅)ရက်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး