ပဲခူးတိုင်းဒေသကြီး

ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ဆောင်ရွက်ခြင်းတို့ကို ယနေ့မွန်းတည့် (၁၂) နာရီအချိန်က ကျင်းပခဲ့သည်။

တောင်ငူမြို့နယ်အတွင်း ပြည်သူများ ယာဥ်အန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှုမရှိစေရေး အသိပညာ​ပေးလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ပြည်သူများ၊ကျောင်းသားကျောင်းသူများ ယာဥ်တိုက်မှုကြောင့် ထိခိုက်သေဆုံးမှုမရှိရေးအတွက် အမှတ်(၁၂)ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (တောင်ငူ)မှ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ယာဥ်အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

တောင်ငူမြို့၌ ခရိုင်အဆင့်သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ခရိုင်အဆင့်သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု အခြေခံသင်တန်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်သည်။

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပ

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့) ကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ကြီးမြို့နယ်၌ ကျောင်းသား/ ကျောင်းသူများ စတင်ကျောင်းတက်ရောက်

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ ယမန်နေ့နံနက်ပိုင်းက စတင်ပြီး ကျောင်းသား/ ကျောင်းသူများ စတင်ကျောင်းတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်၌ သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ သစ်တောဦးစီးဌာနက ၂၀၂၆ ခုနှစ်မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပေါင်းတည်မြို့နယ်၊ တောင်ဘို့လှကျေးရွာအုပ်စု‌၊ တောင်ဘို့လှကျေးရွာ အ.ထ.က (ခွဲ) ကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့သည်။

ပန်းတောင်းမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

​ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိနားလည်ပြီး ရှောင်ကြဉ်နိုင်စေရန်နှင့် ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက မြို့နယ်​​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

အစိုးရစက်မှုလက်မှုသိပ္ပံ (လက်ပံတန်း) တွင် သတ္တမအကြိမ်မြောက် AGTI ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ (လက်ပံတန်း) ၏ သတ္တမအကြိမ်မြောက် AGTI ဒီပလိုမာလက်မှတ် အပ်နှင်းသည့် အခမ်းအနားကို မေ ၃၁ ရက်နေ့နံနက် ၉ နာရီက ၂ လမ်း ခန်းမ၌ ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာ၊ သာသနာ့ဝံသ (လေးကြီး) ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပခဲ့သည်။

သဲကုန်း​မြို့နယ်၌ ​တိုင်းရင်းဆေးပညာဦးစီးဌာနမှ အသိပညာပေး ဟောပြောခြင်းနှင့် အခမဲ့ကွင်းဆင်းကုသပေးခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ပြည်သူများ ရောဂါကင်းရှင်းပြီး ကျန်းမာစွာနေထိုင်နိုင်ရန် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ကွင်းဆင်းကုသပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က ရပ်ကွက် (၄) ပေါက်တောရပ်ကွက်သို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး