မြဝတီမြို့ ကျက်သရေဆောင် ဆံတော်ရှင်ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပါဠိတော် ၅ ညခြောက်ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနား ကျင်းပ
ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ သုံးဆယ့်တစ်ဘုံသားကမ္ဘာသူကမ္ဘာသားအပေါင်းတို့နှင့် မြဝတီမြို့နယ်အတွင်း မှီတင်းနေထိုင်ကြသည့် ခုနှစ်ရက်သား၊သမီးအပေါင်းတို့အား နတ်ကောင်းနတ်မြတ်တို့၏ စောင့်ရှောက်မှုရရှိပြီး ဘေးရန်အသွယ်သွယ်မှ ကင်းလွတ်ငြိမ်းစေရန်အတွက် ဥပ္ပါတသန္တိပါဠိတော်ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉:၀၀ နာရီက အဆိုပါစေတီတော်မြတ်ကြီး မြောက်ဘက်မုခ်ဂန္ဓကုဋီတိုက်အတွင်း၌ ကျင်းပသည်။