အမြို့မြို့အနယ်နယ်သတင်းများ

ပန်းတောင်းမြို့နယ်တွင် စပါးခွံမီးသွေးဖြင့် သဘာဝမြေသြဇာ(ဘိုင်အိုချာ)ထုတ်လုပ်၍ စပါးခွံ ပေါင်းခံရည်ထုတ်လုပ်မှု သရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများအား စပါးခွံမီးသွေး၊ သဘာဝမြေသြဇာ(ဘိုင်အိုချာ)ထုတ်လုပ်၍ စပါးခွံပေါင်းခံရည်ထုတ်လုပ်မှု သရုပ်ပြပွဲကို ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊သိုလှောင်ရုံ၌ ပြုလုပ်သည်။

ဥတ္တရသီရိမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သီရိ(၅)မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ဥတ္တရသီရိမြို့နယ်ရှိ လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာအသိပညာတိုးတက်ရေး၊ အခွန်ဆိုင်ရာယဥ်ကျေးမှုရှင်သန်ထွန်းကားလာစေရေးနှင့် အခွန်ဆိုင်ရာတာဝန်များကို လေးစားလိုက်နာမှုတိုးတက်စေရေးအတွက် အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ဇွန် ၂၃ ရက်နေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မှော်ဘီခရိုင်၌ ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် Gender: CEDAW: NSPAW နှင့် UNSCR 1325 အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင်၌ ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ Gender:CEDAW:NSPAW နှင့် UNSCR1325 အသိပညာပေး ဟောပြောပွဲကျင်းကို ဇွန် ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။

ဆီဆိုင်မြို့နယ်၌ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း ပညာသင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဆီဆိုင်မြိုနယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာ‌ရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း “လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးဆောင်ရွက်မည့်လုပ်ငန်း” မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန် ၂၄ ရက်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပန်းချီဆွဲပြိုင်ပွဲကျင်းပ

ကျောင်းသားလူငယ်များ မူးယစ်နွံထဲမကျရောက်စေရေး အဖိုးတန်ပြီးအရည်အချင်းရှိသည့် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ဇွန် ၂၄ ရက်နေ့နံနက်(၁၀)နာရီက ၂၀၂၆ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီဆွဲပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ ကျေးရွာမြေငှားဂရန်များ ထုတ်ပေးနိုင်ရေးအတွက် ကျေးရွာနယ်နမိတ်သတ်မှတ်ခြင်းနှင့် မြေတိုင်းမှတ်တိုင်များစိုက်ထူ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ပရွတ်ကျေးရွာအုပ်စု၊ လမုကျေးရွာအတွင်းရှိ ကျေးရွာနေပြည်သူများအား ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်များကို ထုတ်ပေးသွားမည်ဖြစ်ပြီး ဇွန်လ (၂၃) ရက်နေ့က ကျေးရွာနေပြည်သူများအား မြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် အဆိုပါကျေးရွာတွင် ကျေးရွာနယ်နမိတ်သတ်မှတ်ခြင်းနှင့် မြေတိုင်းမှတ်တိုင်စိုက်ထူခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။

ကလောမြို့၌ ရွှေကလောအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း(လီမီတက်)မှ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ မြို့လယ်ဓမ္မာရုံ၌ ဇွန်လ ၂၄ ရက်နေ့နံနက် ၁၀ နာရီက ရွှေကလောအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း(လီမီတက်)မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျိုင်းတုံမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများသင်ကြားနေမှုအား ကြည့်ရှုအားပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများသင်ကြားနေမှုအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့်တာဝန်ရှိသူများက ဇွန် ၂၃ ရက်က သွားရောက် ကြည့်ရှုအားပေးသည်။

ကျောက်တန်းမြို့နယ်၌ အခြေခံပညာနှင့် စက်မှု ၊စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း တက်ရောက်နိုင်ရေး အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတက်ရောက်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၂၃ ရက်နေ့က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မှော်၀န်းရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။

ကြို့ပင်ကောက်မြို့နယ်တွင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်မီတာ (၄၀၀) အားကစားကွင်းတွင် ဇွန်လ ၂၃ ရက်နေ့ကကျင်းပခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ