အမြို့မြို့အနယ်နယ်သတင်းများ

ပင်းတယမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော

‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း "မြတ်ရတနာ" ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပသည်။

မြန်မာအမျိုးသမီးများ‌နေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်ပြည်သူ့‌ဆေးရုံ၌ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့ တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်/မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များပူး‌ပေါင်း၍ ကလောခရိုင်ပြည်သူ့ဆေးရုံအတွက် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ကျောက်ဆည်တက္ကသိုလ် ၂၄ နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ကျောက်ဆည်တက္ကသိုလ် ၂၄ နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၂၄ ရက် နံနက် ၉ နာရီက အဆိုပါတက္ကသိုလ် ပင်မဆောင်ရှေ့၌ ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးတိုက်ကြည်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင်နှင့် တာဝန်ရှိသူများ၊ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေနှင့် ဒုတိယပါမောက္ခချုပ်များ၊ ကထိက ဌာနမှူးများ၊ နည်းပြ/သရုပ်ပြဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်၌ သွေးအားစုများပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးသန့်ပွားတောင်သူများနှင့် မိုးသီးနှံစံပြကွက် တောင်သူများအား မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် သွင်းအားစုများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံး၌ ကျင်းပပြုလုပ်သည်။

မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက်၌ ဝန်အားပြည့်နေသောထရန်စဖော်မာများအား ဝန်အားကူရန်နှင့် ဓာတ်အားသုံးစွဲသူ အိမ်ထောင်စုများ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်စေရန် ထရန်စဖော်မာအသစ် ဓာတ်အားလွှတ်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ဝန်အားပြည့်နေသောထရန်စဖော်မာများအားဝန်အားကူရန်နှင့် ဓာတ်အားသုံးစွဲသူ အိမ်ထောင်စုများ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်စေရန် ထရန်စဖော်မာအသစ် ဓာတ်အားလွှတ်ပွဲကို ယမန်နေ့က နန်းတော်ကုန်းရပ်ကွက် သုခထီလာ ဆေးရုံအနီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ၂၀၂၆ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများလက်ဝယ်ထံအရောက်ဖြန့်ဝေပေးခြင်းကို ဇွန်လ ၂၃ ရက်နေ့ညနေ ၄ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ကြီးတံခွန်မြို့နယ် သမဝါယမအသင်းများ၏ ဝင်ငွေကြေညာလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၊ မြို့နယ်သမဝါယမအသင်းစုများ၏ ဝင်ငွေကြေညာလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

လိပ်သိုဒေသ၌ ကော်ဖီပျိုးပင်များ ပျိုးထောင်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နှစ်ရှည်သီးနှံပင်ဖြစ်သော ကော်ဖီပင်များကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြရာ ဒေသခံအချို့မှာ ကော်ဖီပျိုးပင်များကို ပျိုးထောင်ပြုစုပြီး ရောင်းချခြင်းဖြင့် အပိုဝင်ငွေရလျက်ရှိသည်။

ပွင့်ဖြူမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် အခွန်ထမ်းလုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် စပ်လျဉ်းသည့် အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့တော်ခန်းမ၌ “မြန်မာ့ချိတ်ယဥ်အလှဆင် မြင်သူရှုမဝ မန်းသူအလှ” ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် ပဒေသာကပွဲအခမ်းအနား ကျင်းပ

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာ့ချိတ်ယဥ်အလှဆင် မြင်သူရှုမဝမန်းသူအလှ” ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် ပဒေသာ ကပွဲအခမ်းအနားကို မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ဇွန် ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ