အမြို့မြို့အနယ်နယ်သတင်းများ

အင်းစိန်မြို့နယ်၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်နယ်၌ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြုလုပ်သည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ်လျှော့ချရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေးရေး၊ နံရံကပ်ဓါတ်ပုံပြပွဲနှင့် ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမ၌ ကျင်းပသည်။

မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန၌ “ဒေသဖွံ့ဖြိုးတိုးတက်ရေး” ပြည်သူ့စကားဝိုင်း(PUBLIC TALK) ဆွေးနွေး

မန္တလေးမြို့ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက “ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(PUBLIC TALK) ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

စေတုတ္တရာမြို့နယ်တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားကွင်းဆင်း ဆောင်ရွက်ပေးပြီး ပေးအပ်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှလမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးပြီး ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ၂၃ရက်နေ့ နေ့လယ်(၂)နာရီက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပခဲ့သည်။

လှိုင်းဘွဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ ပြသ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ရှောင်ကြည်ရမည့်အချက်များကို သိရှိနိုင်စေရန်အတွက် အသိပညာပေး ဟောပြောခြင်းနှင့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ ပြသခြင်းကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

 ပုဂ္ဂလိက ပျားမွေးမြူသူတောင်သူများအား ပျားအုံများ လွှဲပြောင်းထောက်ပံ့ပေးအပ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရက် ၁၀၀ စီမံချက်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပျားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲနှင့် ပူးပေါင်း ၍ ယမန်နေ့နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ်၊ ဘုရားဖြူကျေးရွာရှိ ပုဂ္ဂလိကပျားမွေးမြူသူတောင်သူ ဦးနေမင်းထွန်းနှင့် မြစ်သားမြို့နယ် မုန္တောကျေးရွာရှိ တောင်သူ ဦးကျော်ငြိမ်းတို့ နှစ်ဦးအား ပျားအုံများ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်တက္ကသိုလ် ၂၄ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ကျောက်ဆည်တက္ကသိုလ် ၂၄ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၂၄ ရက် နံနက် ၉ နာရီက အဆိုပါတက္ကသိုလ် ပင်မဆောင်ရှေ့၌ ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတိုက်ကြည်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင်နှင့် တာဝန်ရှိသူများ၊ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေနှင့် ဒုတိယပါမောက္ခချုပ်များ၊ ကထိကဌာနမှူးများ၊ နည်းပြ/သရုပ်ပြ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် အထူးကုဆရာဝန်ကြီးများက ဒေသခံတိုင်းရင်းသားပြည်သူများအား သွားနှင့် ခံတွင်းဆိုင်ရာများ ကွင်းဆင်းဆေးကုသပေးလျက်ရှိ

ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ကွင်းဆင်းကုသမှုလုပ်ငန်းအား နေပြည်တော် သွားနှင့်ခံတွင်းအထူးကုဆေးရုံမှ အထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုသရေးဦးစီးဌာန၊ တန့်ယန်းမြို့နယ် ပြည်သူ့ဆေးရုံမှဆရာဝန်ကြီးများက မြို့နယ်အတွင်းရှိ ဒေသခံတိုင်ရင်းသား ပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများ ဆောင်ရွက်ပေးသည်။

သရက်ချောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီမိုးစပါးစိုက်ပျိုးသည့်တောင်သူများအား (ပထမအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး‌ပေးအပ်ခြင်းအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၀နာရီက ၂၀၂၆ခုနှစ်၊ မိုးရာသီမိုးစပါးပန်းတိုင် စံပြကျေးရွာ၊ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်

ညောင်ရွှေမြို့နယ် လွယ်ငြိမ့်ကျေးရွာ အင်းလေးကန်အနောက်ကြိုးပြင်ကာကွယ်တော၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ပြုလုပ်

သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်၊ အင်းလေးကန်ရေရှည်တည်တံ့စေရန်နှင့် သစ်တောသစ်ပင်များပြုန်းတီးမှုမှ ကာကွယ်ရန်အတွက် ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ဇွန်(၂၄)ရက် နံနက်(၈)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် လွယ်ငြိမ့်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းအနီးရှိ အင်းလေးကန်အနောက်ကြိုးပြင်ကာကွယ်တော၌ ကျင်းပပြုလုပ်ခဲ့သည်။

သရက်ချောင်းမြို့နယ်၌ Gender/CEDAW နှင့် NSPAW ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောင်းသား/ သူများအား Gender/CEDAW နှင့် NSPAW ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က) သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ