ကော့သောင်းမြို့၌ အခြေခံပညာကျောင်းပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ရိုးရာခြင်းဝိုင်းပြိုင်ပွဲဆုချီးမြှင့်ပွဲ ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ရိုးရာခြင်းဝိုင်းပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ခရိုင်အားကစားခန်းမ၌ ကျင်းပသည်။