မြိတ်မြို့ရှိ ခိုင်ဇင်ယော်ကုမ္ပဏီလီမိတက်၏ ငါးအမှုန့်ကြိတ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းနှင့်သက်ဆိုင်သည့် အချက်အလက်များ ရှင်းလင်းတင်ပြ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုန်တွင် ခိုင်ဇင်ယော်ကုမ္ပဏီလီမိတက်မှ အကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် “ငါးအမှုန့်ကြိတ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း”နှင့်သက်ဆိုင်သည့် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း(Initial Environmental Examination IEE)ဆိုင်ရာ အချက်အလက်များရှင်း လင်းတင်ပြခြင်းနှင့် အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးခြင်းကို ဇွန်(၂၅)ရက် နံနက်ပိုင်းက ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည်။