ဘောဂလိမြို့တွင် အမျိုးသားအောင်ပွဲနေ့ အကြောင်းသိကောင်းစရာများ (Talk Show) ဆွေးနွေးပွဲဆောင်ရွက်
Dec 08,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာ(၉)ရက် နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် အမျိုးသားအောင်ပွဲနေ့ အကြောင်းသိကောင်းစရာများ (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက် Community Centre ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။