Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Dec 08,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်(၉:၀၀)နာရီအချိန်တွင် ဘိုကလေးဈေးနှင့် လင်းစဒေါင်းပျံကျဈေးများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များ သတ်မှတ်စံချိန်စံနှုန်း A အဆင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး
Dec 08,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ သတ်မှတ်စံချိန်စံနှုန်း A အဆင့်ကိုက်ညီမှု ရှိ / မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များမှ လိုက်လံစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ
Dec 08,2020
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ(၉)ရက်နေ့တွင် ကျရောက်သည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အတွင်းရှိ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိလာစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီက လူစည် ကားရာနေရာဖြစ်သော ဈေး၊ ကားဂိတ်နှင့် ဆိုက်ကားဂိတ် နေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ဆင်ခေါင်းကျေးရွာတွင် ဆောင်းကုလားပဲသီးနှံ စံပြ ကွက်စိုက်ပျိုး
Dec 08,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ဆင်ခေါင်းကျေးရွာတွင် ဆောင်း ကုလား ပဲသီးနှံ စံပြကွက်အဖြစ် တောင်သူ ဒေါ်သန်းဌေး၏ ယာမြေ (၅)ဧကတွင် ယမန်နေ့ နံနက်ပိုင်းက ရေဆင်း (၆) ကုလားပဲမျိုး စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်ရှိ ငြိမ်းချမ်းရေးပန်းခြံအတွင်း ပြည်သူများ အေးချမ်းစွာ အပန်းဖြေရာ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန် ပြည်သူများသို့ မေတ္တာရပ်ခံချက်ဗီနိုင်းများအား တပ်ဆင်ထားရှိ
Dec 08,2020
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်ရှိ ငြိမ်းချမ်းပန်းခြံအတွင်း ပြည်သူများ အေးချမ်းစွာ အပန်းဖြေရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရန် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ပြည်သူများသို့ မေတ္တာရပ်ခံချက်ဗီနိုင်းများအား ပန်းခြံအဝင်ရှေ့တွင် တပ်ဆင်ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်တွင် တက်ရောက်ကုသမှု ခံယူနေရသော လူနာများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် အသင့်စားသုံးနိုင်သည့် ထမင်းဘူး(၁၅၀)နှင့် အလှူငွေများလှူဒါန်း
Dec 08,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)၊ ဖျားနာဆောင် တွင် တက်ရောက်ကုသမှုခံယူ နေရသော လူနာများနှင့်ကျန်းမာရေး ဝန်ထမ်းများအတွက် အသင့်စားသုံး နိုင်သည့် ထမင်းဘူး(၁၅၀)နှင့် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါကုဆေးရုံကြီး (အင်းစိန်) တွင် လှူဒါန်းခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် Air-Cooler အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
Dec 08,2020
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်၊ အကွက်(၁၆၇)ရှိ ၂၃လမ်း၊ ၈၂လမ်းနှင့်၈၃ကြား၊ Royal Black Stone Condo အနောက်ခြမ်း ၅လွှာရှိ အခန်း C-5 တိုက်ခန်းတွင် ယနေ့နံနက် ၁၁နာရီခွဲက Air-Cooler အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်
Dec 08,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်း ခြင်း သင်တန်းကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27589
Page
27590
Page
27591
Page
27592
Current page
27593
Page
27594
Page
27595
Page
27596
Page
27597
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department