သတင်းများ

မိုင်းဖြတ်၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ
Dec 03,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြည်သူကျန်းမာရေး ဦးစီး ဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့သည် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့ နံနက် ၈နာရီအချိန်ခန့်ကစ၍ ယာယီပျံကျစျေး ၊ မြို့မစျေးနှင့် ပြည်ထောင်စုလမ်းမကြီး ပေါ်သွားလာနေကြသည့် ပြည်သူများကို နှာခေါင်းစည်း(Mask) ၁၀၀၀ခန့်(အခမဲ့) ဖြန့်ဝေပေးခဲ့သည်။
တွန်းဇံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် Mask များ အခမဲ့ဖြန့်ဝေပေး
Dec 03,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်အတွင်းရှိ လူသွားလူလာများပြားသည့် လမ်းဆုံများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ Mask အခမဲ့ ဖြန့်ဝေပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ကျိုင်းတုံမြို့၌ အသွားအလာကန့်သတ်ထားရှိသော အမျိုးသမီးတစ်ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Dec 03,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပညာရေးဒီဂရီကောလိပ်ဝန်း Quarantine Center ၌ အသွားအလာကန့်သတ်ထားရှိသည့် အမျိုးသမီးတစ်ဦးထံတွင် ဓာတ်ခွဲစစ်ဆေးမှုအဖြေအရ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သည်။
ကိုဗစ် − ၁၉ ရောဂါ ပိုးတွေ့လူနာနှင့် ထိစပ်သူများ၊ သံသယလက္ခဏာရှိသူများအား စစ်ဆေးရာ (၁၁) ဦးတွင် ကိုဗစ် − ၁၉ ရောဂါ ပိုးတွေ့ရှိ
Dec 03,2020
ပြင်ဦးလွင်မြို့ မိုးကြိုးရွာမနှင့် မိုးကြိုးကွက်သစ်မှ ပိုးတွေ့လူနာနှင့် ဆက်စပ်သည့် ထိတွေ့မှုရှိသူများအား ပထမအကြိမ် ယနေ့စစ်ဆေးခဲ့ရာ (၉) ဦးနှင့် ရပ်ကွက်ကြီး(၈)မှ (၁) ဦး၊ တောင်ဂေါ်ရခါးစုမှ (၁)ဦး စုစုပေါင်း ကိုဗစ် − ၁၉ ရောဂါပိုးတွေ့ ရှိသူ (၁၁) ဦးရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင်၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ် နှံမှုအဆိုပြုလျာထားစာရင်းများ  စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအစည်းအဝေးကျင်းပ
Dec 03,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက် အဆိုပြုလျာထားစာရင်းများအား စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့​သည်။
သစ်တောဦးစီးဌာနမှ ပြည်သူများထံသို့ ဖြန့်ဝေမည့်ပျိုးပင်များ စတင်ပျိုးထောင်
Dec 03,2020
စုကလိမြို့နေပြည်သူများအား သစ်တောဦးစီးဌာနမှ နိုင်ငံအဝှမ်း သစ်တောအစွမ်းဖြင့် စိမ်းလန်းစေရမည် ဆိုသည့်ဆောင်ပုဒ်အတိုင်း ဒေသခံပြည်သူများအတွက် ပတ်ဝန်းကျင်သာယာလှပရေး၊ သစ်တော သစ်ပင် များ ပိုမိုစိုက်ပျိုးနိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးစွာ ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ပျိုးပင်များအား ယနေ့နံနက်ပိုင်းမှစတင်၍ စုကလိမြို့ ယာယီပျိုးဥယျာဉ်တွင် စတင် ပျိုးထောင် ဆောင်ရွက်လျက်ရှိသည်။
သနပ်ပင်မြို့နယ်တွင် RDT Test kit ဖြင့် စစ်ဆေးရာ ကိုဗစ်ပိုးတွေ့လူနာ (၂)ဦး ထပ်မံတွေ့ရှိ
Dec 03,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်တွင် ရန်ကုန်ပြန် (၂၇ ) ဦး၊ပိုးတွေ့လူနာနှင့် ထိစပ်သူ(၈)ဦး သံသယလူနာ(၂)ဦးစုစုပေါင်း(၃၇)ဦးအား ဒီဇင်ဘာ၂ရက်နေ့ မွန်းလွှဲပိုင်းက သနပ်ပင်မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက  ကိုဗစ် ၁၉‌ရောဂါ ပိုးရှိ/မရှိ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖက်များယူ၍  RDT Test Kit ဖြင့် စစ်ဆေးခဲ့ကြသည်။
ချောင်းသာမြို့၌ HPV ကာကွယ်ဆေး ပုံမှန်ထိုးနှံပေးခြင်းဆောင်ရွက်
Dec 03,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအား HPV ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂) ရပ်ကွက်ရှိ ကြက်ခြေနီရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။