မအူပင်မြို့၌ ဆီကုန်သည်များနှင့် ဆီအရောင်းကိုယ်စားလှယ်များ ဆီပေပါထုတ်ယူမှုနှင့် ဆီရောင်းချမှု လုပ်ငန်းများအကြောင်း တွေ့ဆုံဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်း ဆီပေပါထုတ်ယူမှုလုပ်ငန်း အခက်အခဲများ ကြန့်ကြာမှုမရှိစေရန် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် Yadanarbon Global Network Distribution Co,Ltd မှ တာဝန်ရှိသူများနှင့် မအူပင်မြို့နယ် ဆီထုတ်ကိုယ်စားလှယ်များ တွေ့ဆုံကာ ဆီထုတ်ယူမှုနှင့်ရောင်းချနိုင်မှု အခြေအနေများအား တွေ့ဆုံဆွေးနွေးပွဲအား ယနေ့နံနက် (၁၀)နာရီက စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။