ဘီးလင်းမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော (ဒုတိယအကြိမ်) ဘီးလင်းမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့ ဘိုးရာဇာရပ်ကွက် သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆွေးနွေးပြောကြားပြီး ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်အတွင်း သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး စစ်တမ်းကောက်ယူ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ စိုက်ပျိုးထုတ်လုပ်လျက်ရှိသော သီးနှံများ၏ ပန်းတိုင်အထွက်နှုန်းအပေါ် လွှမ်းမိုးသောအချက်များကို သိရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကွင်းဝန်ထမ်းများမှ မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ကို အခြေခံ၍ တောင်သူများနှင့် တွေ့ဆုံကာ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ပြီး ကျေးရွာများသို့ ကွင်းဆင်းစစ်တမ်းများကောက်ယူလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဝတ်ရည်စမ်းထံမှ သိရသည်။

အလုံခရိုင်၊ အလုံမြို့နယ်၌ MEVM မဲပေးစက်များ ထိန်းသိမ်းထားရှိမှုအခြေအနေအား အလုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများမှ မြေပြင်ကွင်းဆင်းစစ်ဆေး

အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ အလုံမြို့နယ်ရဲတပ်ဖွဲ့ရုံး၌ ယမန်နေ့ နေ့လယ်က MEVM စက် ၉၈ လုံးအား Installation ပြုလုပ်ခြင်း၊ မဲပေးစက်များ ထိန်းသိမ်းထားရှိမှုအခြေအနေအား အလုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများမှ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လသာမြို့နယ်၌ သန့်ရှင်းသပ်ရပ်ရေးနှင့် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် အမှတ် (၁၀) ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် မြို့မကျောင်းလမ်းထောင့်ရှိ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသပ်ရပ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယ‌မန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မုံရွာမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်နှင့် စတစ်ကာဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်‌ဝေခြင်း၊ မော်တော်ယာဉ်များအား စတစ်ကာများကပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီ အချိန်က မုံရွာမြို့ ကျောက္ကာလမ်းမကြီး၊ ပြည်သု့ဥယျာဉ်ရှေ့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်‌ဝေခြင်း၊ မော်တော်ယာဉ်များ အား စတစ်ကာများကပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ဟုမ္မလင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မူလတန်းကြိုကျောင်းသား‌၊ ကျောင်းသူများ၏ ကာယစွမ်းရည်ပြိုင်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင်၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊မူလတန်းကြိုကျောင်းမှကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆု‌ ပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဟုမ္မလင်းမြို့လူမှုဝန်ထမ်းဦးစီးဌာနတွင် ကျင်းပခဲ့‌ကြောင်း သိရသည်။

သန်လျင်မြို့နယ်အတွင်းရှိ ရေသန့်စက်ရုံများအားကြည့်ရှုစစ်ဆေး

သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်းရှိ ရေသန့်စက်ရုံများအား ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

လက်ပံတန်း၌ စိုက်ပျိုးရေးအရောင်းဆိုင်များတွင် တရားမဝင် ပိုးသတ်ဆေးနှင့် မြေဩဇာများ ရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေး

ပဲခူးတိုင်း​ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ရှိ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်များတွင် စိုက်ပျိုးရေးဦးစီးဌာနမှ သတ်မှတ်ညွှန်ကြားချက်များအတိုင်း လိုက်နာရောင်းချမှု ရှိ/မရှိ၊ တရားမဝင် ပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာများနှင့် မျိုးစေ့များ ရောင်းချမှု ရှိ/မရှိတို့ကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်အတွင်းရှိ မဲရုံများတွင် မဲပေးစက်များ ဇာတ်တိုက်လေ့ကျင့်ခင်းကျင်းခြင်း အစီအစဉ်ဆောင်ရွက်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရာတွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအကြိုကာလအတွင်း မဲရုံများတွင်မဲပေးစက်များ ဇာတ်တိုက်လေ့ကျင့်ခင်းကျင်းခြင်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်က စတင်ကာ တာဝန်ရှိသူများက ရပ်ကွက်များအလိုက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to