ကျုံပျော်မြို့ အင်းရဲလမ်းကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းပြီးစီးမှုအား တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အင်းရဲလမ်းအား အများပြည်သူသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများက ယမန်နေ့ကကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း သိရသည်။