ကသာမြို့တွင် မဲရုံဖွင့်လှစ်ရန် လျာထားသည့်နေရာများအား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့များ ကွင်းဆင်းစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ ဖွင့်လှစ်ရန်လျာထားသည့် အခြေခံပညာကျောင်းများအား ယနေ့နံနက်(၉)နာရီအချိန်တွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့များက ကွင်းဆင်း၍ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။