ပွင့်ဖြူမြို့နယ် လှည်းကြီးကျေးရွာ၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသတွင်း ရာသီဥတု ဂေဟစနစ်များ ကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူများအတွက် ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင်ကောင်း ဖန်တီးပေးနိုင်ရန်အတွက် ရည်ရွယ်ကျင်းပသည့် မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ယနေ့နံနက်ပိုင်းက လယ်ကိုင်းကျေးရွာအုပ်စု၊ လှည်းကြီးကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။

သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံး တုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်ဦး‌ဆောင်၍တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့အဖွဲ့ဝင်များက ယနေ့နံနက် ၇နာရီခွဲအချိန်မှစတင်၍ သရက်ချောင်းမြို့၊ မြို့နယ်စည်ပင်သာယာဈေးအတွင်း/အပြင်နှင့် မြိတ်-ထားဝယ်ကားလမ်းမပေါ်တွင် ပြည်သူများအား မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)၌ စိုက်ပျိုးရေးဒီပလိုမာနှင့် မွေးမြူရေးဒီပလိုမာ အောင်လက်မှတ် အပ်နှင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ဘားအံ) ၏ အဋ္ဌမအကြိမ် စိုက်ပျိုးရေးဒီပလိုမာနှင့်ပထမအကြိမ် မွေးမြူရေးဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

မလှိုင်မြို့နယ်၌ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းမကောင်းရခြင်းအကြောင်း စစ်တမ်းကောက်ယူ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာတောင်သူများအား ဒီဇင်ဘာ ၁၆ ရက်က ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းမကောင်းရခြင်းအကြောင်း ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကျောက်ဆည်မြို့ မဲရုံများနှင့် မဲပေးစက်များအသင့်ပြင်ဆင်မှု ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ကျောက်ဆည် မြို့နယ် သင်တောင်းကျေးရွာအုပ်စု ရွှေသိမ်တော်ဘုရားဝင်းအတွင်းရှိ ကေသီဦးဓမ္မာရုံတွင် ယနေ့ နံနက် ၉ နာရီခွဲက ကျေးရွာပြည်သူများနှင့်တွေ့ဆုံပြီး ပြည်သူများအနေဖြင့် မဲစာရင်းတွင်မိမိတို့၏အမည် စာရင်းများပါရှိစေရေး ကြည့်ရှုရန်၊ မှတ်ပုံတင်မရှိသေးသူများအား မှတ်ပုံတင်ပြုလုပ်ပေးရန်၊ မဲပေးရမည့် နေ့ရက်တွင် မဲရုံသို့လာရောက်၍ မဲပေးကြရန် တွေ့ဆုံဆွေးနွေးသည်။

တံတားဦးမြို့နယ်၌ သီးနှံများ အထွက်နှုန်း မကောင်းရခြင်းအကြောင်း စစ်တမ်းကောက်ယူ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် တောင်သူများ စိုက်ပျိုးထားသော သီးနှံ (၁၀) မျိုး ပန်းတိုင်ရည်မှန်းချက်၊ အထွက်နှုန်း မကောင်းရခြင်းအကြောင်း စစ်တမ်းကောက်ယူခြင်းကို ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် ဆောင်ရွက်ကြောင်းသိရသည်။

ကော့သောင်းမြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန် မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ‌၂၀၂၅ ခုနှစ်  ပါတီစုံအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူးများအား  ရွေးကောက်ပွဲဆိုင်ရာပညာ‌ပေးသင်တန်းပေးခြင်းကို  ယနေ့နံနက်ပိုင်း၌ ကော့သောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဟံသာဝတီအစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။

ညောင်ဦးမြို့နယ်အတွင်း မဲရုံဖွင့်မည့် ရပ်ကွက်/ကျေးရွာများအုပ်စုများသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံများဖွင့်လှစ်မည့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ညောင်ဦးခရိုင်စီမံခန့် ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ခရိုင်အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၈ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြိတ်မြို့နယ်အတွင်း ပြည်သူများ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်စေရေးအတွက် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင် ဝေငှ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌  ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက လမ်းသွားလမ်းလာများနှင့် ရပ်ကွက်/ကျေးရွာများတွင် မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဝေငှပေးကြသည်။

မြိတ်ခရိုင်အတွင်း ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့်သီးနှံ(၁၀)မျိုး အထွက်နှုန်း မကောင်းရခြင်းနှင့်စပ်လျဉ်း၍ စစ်တမ်းကောက်ယူ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များ၌ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုး၏ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းမကောင်းရခြင်းအကြောင်းရင်းများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးတွင် ယမန်နေ့မှစတင်ကာ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား တွေ့ဆုံ၍ စစ်တမ်းကောက်ယူ ဆောင်ရွက်လျက်ရှိသည်။
Subscribe to