မိုင်းပျဉ်းမြို့၌ ပြည်နယ်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်‌အဖွဲ့နှင့် တွေ့ဆုံပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ပြည်နယ်၊ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် တွေ့ဆုံပွဲကို ၂၀၂၅ ခုနှစ် ယနေ့ ရက်နေ့ မွန်းလွဲ (၁)နာရီက မြို့နယ်ကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ကျုံပျော်မြို့ အင်းရဲလမ်းကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းပြီးစီးမှုအား တာဝန်ရှိသူများမှ  ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အင်းရဲလမ်းအား အများပြည်သူသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ  လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများက ယမန်နေ့ကကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်၌ ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံနှင့်ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းက ဒို့အတူတူ မဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများအား ဖြန့်ဝေမှုလုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။

လှိုင်(ကျောက်ကလပ်)ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

လှိုင်(ကျောက်ကလပ်)ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ ဘားအံ ဒီဇင်ဘာ ၁၆ ခရိုင်(ပြန်ဆက်)

ထားဝယ်တက္ကသိုလ်၌ “ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနား” ကျင်းပ

ဥပဒေပညာ တိုးပွားစေရန်နှင့် မူပိုင်ခွင့်ဆိုင်ရာဥပဒေ၏ အရေးပါပုံ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ၏ အရေးပါပုံများကို ကျောင်းသား၊ ကျောင်းသူများ၊ သိရှိနားလည်စေနိုင်ရန်နှင့် အသိပညာများတိုးပွားစေ ရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက “ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနား”ကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ထားဝယ်တက္ကသိုလ်၊ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

ကျိုက်လတ်၌ Book Club နှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက်ပိုင်းက Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ မောင်သာချိုရေးသားသည့် "စိတ်ကစားခဲ့စဉ်က အရိပ်များ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

မြဝတီမြို့နယ်ရှိတောင်သူများအား ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ (၁၀)မျိုးနှင့် စပ်လျဥ်း၍ စစ်တမ်းကောက်ယူခြင်းနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးဆွေးနွေးပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ကျေးရွာအုပ်စု ရှိတောင်သူများကို ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ (၁၀)မျိုးနှင့်စပ်လျဥ်း၍ စစ်တမ်းကောက်ယူခြင်းနှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန်းရွှေနှင့်ဖလူး၊ မဲ့ထော်သလေး၊ သင်္ဃန်းညီနောင်၊ မဲကနယ်ကျေးရွာအုပ်စုများရှိ တောင်သူများတက်ရောက်ခဲ့ကြသည်။

ကလေးမြို့တွင် အမျိုးသမီးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအကြောင်း အသိပညာပေး Talk Show ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  အမျိုးသမီးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Showကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community centre)၌ ကျင်းပခဲ့သည်။
Subscribe to