ငပုတောမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေမှူးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းနှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ပုသိမ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ငပုတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ငပုတောမြို့နယ်အတွင်းရှိ စုပေါင်းရေပေးဝေရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသော ရေကျော်ဆည်နှင့် ကျောင်းခြားရေလှောင်တမံတို့အား သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဒက္ခိဏသီရိမြို့နယ်၌ မြို့နယ်အဆင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ မြို့နယ်အဆင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ သဒ္ဓမ္မဝေပုလ္လပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။

ရမည်းသင်းခရိုင်အတွင်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းမရရှိသည့်အကြောင်းအရင်းများ စစ်တမ်းကောက်ယူ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ကံဆွယ်ကျေးရွာ၌ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် အဓိကသီးနှံ(၁၀)မျိုးနှင့်စပ်လျဉ်း၍ ပန်းတိုင်အထွက်နှုန်းမရရှိသည့် အကြောင်းအရင်းများကို ဆန်းစစ်လေ့လာနိုင်ရန်အတွက် စစ်တမ်းကောက်ယူလျှက်ရှိရာ ယနေ့နံနက်တွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ကြီးကြပ်ရေးအဖွဲ့များ ကြည့်ရှုအားပေးသည်။

ကျောက်တံခါးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်း အသိပညာပေး Talk Show ဆောင်ရွက်

ကျောက်တံခါးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်း အသိပညာပေး Talk Show ဆောင်ရွက် ကျောက်တံခါး ဒီဇင်ဘာ ၁၆ ကျောက်တံခါး(ပြန်/ဆက်)

ပင်လုံမြို့၌ အဓိကသီးနှံ (၁၀) မျိုးနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းမ​ကောင်းရခြင်းအကြောင်းအရာများအား စစ်တမ်းကောက်ယူ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ပန်မုန့်အုပ်စု၌ အဓိကသီးနှံ (၁၀) မျိုးနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းမ​ကောင်းရခြင်းအကြောင်းအရာများအား စစ်တမ်းကောက်ယူခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။

ကျွန်းလှမြို့နယ်၌ အောင်နိုင်တိုး မိုးစပါးခေါင်နှံရွေးချယ်ခြင်းနှင့် စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးရာသီစိုက်ပျိုးခဲ့သော အောင်နိုင်တိုး မိုးစပါး မျိုးစေ့ထုတ်စံပြကွက် ခေါင်နှံရွေးချယ်ခြင်းနှင့် စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ဒီဇင်ဘာ ၁၅ ရက်နံနက် ၈ နာရီက ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆) ၊ တောင်သူ ဒေါ်မာမာအေး၏ စပါးစိုက်ခင်း တစ်ဧက၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မသန်စွမ်းသူများအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေး

ပွင့်ဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မသန်စွမ်းသူများအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေး ပွင့်ဖြူ ဒီဇင်ဘာ ၁၆ မြို့နယ်(ပြန်ဆက်)

ခန္တီးမြို့၌ လူငယ်နှင့်ကိုယ်ကျင့်တရား အသိပညာပေး Talk show ပြုလုပ်

ခန္တီးမြို့၌ လူငယ်နှင့်ကိုယ်ကျင့်တရား အသိပညာပေး Talk show ပြုလုပ် ခန္တီး ဒီဇင်ဘာ ၁၆ ကမ်းကီး၊ ဓာတ်ပုံ - ၂

ပန်းတောင်းမြို့နယ်၌ "ဒို့အတူတူ မဲပေးကြမယ်" ရွေးကောက်ပွဲလှုံ့ဆော်မှုအသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအခမ်းအနား ကျင်းပ

၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး "ဒို့အတူတူ မဲပေးကြမယ်" ရွေးကောက်ပွဲလှုံ့ဆော်မှုအသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့လမ်းဆုံလမ်းခွနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to