ရွာငံမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ ထောက်ပံ့ ပေးအပ်
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ရွာငံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။