လွိုင်ကော်မြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် ရှားပါးတောရိုင်းတိရစ္ဆာန်ဝံကြောင်တစ်ကောင် ထိန်းသိမ်းထားရှိ
ဒီဇင်ဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္တာရဝတီတံတားအနီး လမ်းမပေါ်တွင် တောရိုင်း တိရိစ္ဆာန်ဝံကြောင်တစ်ကောင်အား တွေ့ရှိခဲ့ပြီး လမ်းသွား လမ်းလာပြည်သူများအား ရန်မူသဖြင့် မြို့ဒေသခံ များနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့မှ ဝိုင်းဝန်းဖမ်းဆီးကာ လွိုင်ကော်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ထိန်းသိမ်းထားရှိကြောင်း သိရသည်။