နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း လွပ်လပ်ရေးကျောက်တိုင် တည်ဆောက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း လွတ်လပ်ရေး အထိမ်းအမှတ် အနေဖြင့် လွတ်လပ်ရေးကျောက်တိုင်တည်ဆောက်နေမှုအခြေအနေအား ယမန်နေ့ ညနေ(၄)နာရီအချိန်ခန့်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့ရုံ Community Based Facility Quarantine Centre တွင် အသွားအလာကန့်သတ်ထားသူ (၃၈) ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိစစ်ဆေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ နိုင်ရေးအတွက် သိမ်ဖြူလက်ဝှေ့ရုံရှိ Community Based Facility Quarantine Centre တွင် အသွား အလာ ကန့်သတ်ထားသူ (၃၈) ဦးထံမှ နှာခေါင်းနှင့်အာခေါင်းတို့ပတ်များ (ပထမအကြိမ်) ရယူ၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန Swab Team မှ တာဝန်ရှိသူများက လာရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့မစျေး၌ ကိုဗစ်−၁၉ ရောဂါ ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့၊ မြို့မစျေး၌ စျေးရောင်းချသူများနှင့် စျေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။

မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာနှစ်ဦး ဆေးရုံဆင်းခွင့်ရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးကူးစက်ခံခဲ့ရသည့် အတည်ပြုလူနာ မိန်းကလေးနှစ်ဦးသည် ဝမ်ဇလီလော်ကျေးရွာ၊ မြို့နယ်ဝန်ထမ်းအိမ်ရာ ကိုဗစ်-၁၉ ယာယီဆေးကုသဆောင်၌ ဆေးဝါးကုသမှုခံယူပြီးနောက် ယနေ့နံနက် (၁၀) နာရီခွဲအချိန်ခန့်က ဆေးရုံမှဆင်းခွင့်ရရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကြံခင်းမြို့လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက Book Club အဖွဲ့ဝင်များမှ စာရေးဆရာချစ်ဦးညို၏ "တိုးတတ်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ" စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနှမ်းနက်ခေါ် စမုံနက်နှမ်းများ ရိတ်သိမ်းအထွက် နှုန်းကောင်း၍ ဈေးနှုန်းကောင်းရရန်မျှော်လင့်

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနှမ်းခေါ်စမုံနက်နှမ်းများစတင် ရိတ်သိမ်းနေပြီဖြစ်ရာ အထွက်နှုန်းကောင်းပြီးဈေးနှုန်းကောင်းရန် မျှော်လင့်နေရကြောင်း သိရသည်။

မြောင်းမြ၌ ခရိုင်ကိုဗစ်−၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ကိုဗစ်−၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြောင်းမြခရိုင်ထွေ/အုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

မကွေးတိုင်းဒေသကြီး၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာထပ်တိုး တွေ့ရှိ၍ အတည်ပြုလူနာပေါင်း (၂၀၀၀) ကျော်ပြီဖြစ်

မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက ယမန်နေ့ ထုတ်ပြန်ချက် အရ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ (၇၃) ဦး ထပ်တိုးတွေ့ရှိခဲ့တာဖြစ်ပြီး တိုင်းဒေသကြီး အတွင်း အတည်ပြု လူနာပေါင်း (၂၀၂၇) ဦးထိ ရှိပြီဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်အတွင်းရှိ Quarantine Center အသီးသီးမှ အသွားအလာကန့်သတ်ကာလ ၁၄ ရက်ပြည့်သူ ၁၃၂ ဦးကို နေအိမ်ပြန်ခွင့်ပြု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ Community Based Facility Quarantine Center များတွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုထားရှိသည့် စုစုပေါင်း ၁၃၂ ဦးသည် သတ်မှတ်ကာလ ၁၄ ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရသဖြင့် ယမန်နေ့ညနေပိုင်း က ၎င်းတို့၏ နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မရမ်းကုန်းမြို့နယ်၌ ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ မိုးရာသီကာလတွင် ရေကြီးရေလျှံမှု များ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရန် ရည်ရွယ်၍ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to