မိုင်းပန်မြို့နယ်တွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်ရန် အတွက် ဆက်စပ်ပစ္စည်းများအားလုံး စတင်ပို့ဆောင်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အတွင်းရှိ မိုက်ပုတ်(ပန်ပိ) ကျေးရွာနှင့် နောင်လေ ကျေးရွာနှစ်ရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဂျာမန် ဖွံ့ဖြိုးရေး ဘဏ် (KFW)နှင့် ကျေးရွာ ပြည်သူများ၏ ပူးပေါင်းထည့်ဝင်ငွေဖြင့် တစ်အိမ်သုံး ဆိုလာစနစ် မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် မီးတိုင်များ၊ ဆိုလာပြားများနှင့် ဆက်စပ်ပစ္စည်းများအား ကျေးရွာသို့ ပို့ဆောင်နေလျက်ရှိကြောင်း မိုင်းပန် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာမှ ပဲစိုက်တောင်သူ(၁၇၃)ဦးအား ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ (၂)ရက်ခွဲပြီး ချေးငွေများထုတ်ချေးပေး

မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် လမ်းညွှန်ချက်နှင့်အညီ ကညှော် ကျေးရွာရှိ ပဲစိုက်တောင်သူများအား ဒီဇင်ဘာ(၁၅)ရက် နံနက်(၁၁)နာရီက စိုက်ပျိုးစရိတ်ချေးငွေ များကို မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

အင်္ဂပူ၌ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းနှင့် အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

အင်္ဂပူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှလုပ်ငန်းလိုင်စင်ထုတ်ပေးထားသောမဲဇလီကုန်းမြို့အတွင်းရှိထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းနှင့်အညီဆောင် ရွက်ထားခြင်းရှိ/မရှိကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များမှကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ လူနာ(၂၇) ဦး ဆေးရုံဆင်းခွင့်ရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ယာယီ ဆေးရုံမှာ ကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ အတည်ပြု လူနာများမှ (၂၆)ဦး နှင့် ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကြီး သီးသန့်လူနာကုသဆောင်(ICU-2) မှာ ကုသမှုခံယူ နေတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁) ဦး စုစုပေါင်း (၂၇) ဦးမှာ ကိန်းမာရေး ပြန်လည်ကောင်းမွန်ပြီး ရောဂါပိုးကင်စင်ပြီ ဖြစ်သဖြင့် ဒီဇင်ဘာလ(၁၅)ရက် နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီ ဖြစ်ကြောင်း ရွှေဘိုမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင် ထံက သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အားကစားနှင့်ကာယပညာ ဦးစီး ဌာန မှ MaskCampaign ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အားကစား နှင့်ကာယပညာ ဦးစီးဌာနမှ Mask Campaign အသိပညာပေး ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ(၁၅) ရက်နေ့နံနက်ပိုင်းက ဟုမ္မလင်းမြို့ မြို့မဈေးရှေ့၊ကမ်းနားလမ်း၊ ဗိုလ်ချုပ်ကြေးရုပ် လမ်းဆုံ တို့၌ ပြုလုပ် ခဲ့ကြကြောင်းသိရသည်။

ညောင်ရွှေမြို့နယ် ကြက်ခြေနီအသင်းခွဲ အမှုဆောင်ကော်မတီဖွဲ့စည်းရေး အစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ကြက်ခြေနီအသင်းခွဲ အမှုဆောင်ကော်မတီ ဖွဲ့စည်းသည့် အစည်အဝေးကို ယနေ့နံနက် (၁၀)နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသတွင် ဆောင်းရာသီကာလတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုး ရန် မြေလွတ်မြေရိုင်းများဖော်ထုတ်

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသတွင် ယောချောင်း၊ ချီချောင်း၊ ကြီးချောင်း၊ ပင်တောင်ချောင်းများ ဖြတ်သန်းစီးဆင်းလျှက်ရှိရာ ယခုအချိန်အခါ၌ ချောင်းရေများလျှောနည်း နေချိန်ဖြစ် သည့်အတွက် ချောင်းများ၏ တစ်ဘက်တစ်ချက် နေရာများတွင် နူန်းတင်မြေနုများ ပေါ်ထွန်းလျက်ရှိရာ အဆိုပါ မြေလွတ်မြေရိုင်းများဖော်ထုတ်ပြီး ဟင်းသီးဟင်းရွက်နှင့်သီးနှံများ စိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက် နေပြီဖြစ်သည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ kg တန်းမှ စတုတ္ထတန်းအထိ အာဟာရမုန့်များဖြန့်ဝေပေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ kg တန်းမှ စတုတ္ထတန်းအထိ အာဟာရမုန့်များ ဖြန့်ဝေပေးမှုကို ယနေ့နံနက် ၈ နာရီခွဲမှ ၁၀ နာရီထိ ဆွမ်ပရာဘွမ်မြို့နယ် အထကကျောင်းတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

​ကျောက်တံတားမြို့နယ်တွင် ပါးစပ်၊ နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ရေး Mask Campaign ​​​ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့်​ နေအိမ်ပြင်ပထွက်ခွာတိုင်း ပါးစပ်၊ နှာခေါင်းစည်း Mask တပ်ဆင်‌စေရန် ရည်ရွယ်၍​ ကျောက်တံတားမြို့နယ်တွင် Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးဆောင်ရွက် ခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်ကာ ပန်းဆိုးတန်း လမ်းမကြီး၊ မဟာဗန္ဓုလလမ်းမနှင့် ဆူး​လေဘုရားလမ်းမနှင့် လမ်းသွယ်များတွင် လှည့်လည်​ဆောင်ရွက် ခဲ့​ကြောင်း သိရသည်။

စပါးကြွယ်(တောင်ငူ)-ဘုရားကြီးအထိ ၅၀၀ ကေဗွီအေ ဓါတ်အားလိုင်းသစ်ဆွဲရန် မြေပြင်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ လာရောက်ရှင်းလင်းတင်ပြ

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ဓါတ်အား ပို့လွှတ်ရေး စီမံကိန်း (တောင်ပိုင်း)၊ စီမံကိန်းညွှန်ကြား ရေးမှူးနှင့် အဖွဲ့က တောင်ငူ(စပါးကြွယ်)မှ ပဲခူး(ဘောနတ်ကြီး)အထိ ၅၀၀ ကေဗွီအေ ဓါတ်အားလိုင်းသစ်ကြီးဆွဲရန် မြေပြင်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား လာရောက်ရှင်းလင်းတင်ပြခဲ့သည်။
Subscribe to