ဗန်းမော်နည်းပညာတက္ကသိုလ် (ဗန်းမော်)မှ သိမ်းဆည်းထားသော လယ်မြေ(၁ ဒသမ ၀၁)ဧကအတွက် လျော်ကြေး ငွေပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် နည်းပညာတက္ကသိုလ်(ဗန်းမော်)မှ သိမ်းဆည်းထားသော လယ်မြေ(၁ ဒသမ ၀၁) ဧကအတွက် လျော်ကြေးငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က နည်းပညာ တက္ကသိုလ်(ဗန်းမော်) အစည်းအဝေး ခန်းမ၌ ပြုလုပ်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဗန်းမော်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီ အဖွဲ့တို့က တက်ရောက်ခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ် မြစ်ကမ်းပါးကာကွယ်ခြင်းနှင့် ပြန်လည်ပြုပြင်မွမ်းမံခြင်း စီမံကိန်းလူထုတွ့ဆုံပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါးကာကွယ်ခြင်းနှင့် ပြန်လည် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းစီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ နယ်ပယ်တိုင်းတာ သတ်မှတ်ခြင်း၊ စီမံကိန်းတွင် ပါဝင်သူများနှင့် မြို့နယ်အတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူလူထုများအား ပိုစတာကားချပ်များဖြင့်ပြသ၍ လူထုတွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက (၄၁) လမ်းရှိ ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပန်းလှိုင်မြစ် အကောက်စခန်းရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖလမ်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show )ပြုလုပ်

သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show )ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဖလမ်းခရိုင်ရုံး Community Centre ခန်းမ၌ ပြုလုပ်သည်။

မိုင်းယုမြို့၌ ဈေးရောင်း/ဈေးဝယ် ပြည်သူများ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး (Mask Campaign) ပြုလုပ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေ ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့မရပ်ကွက် ကားလမ်းမတစ်လျှောက်ရှိ ဈေးဆိုင်များနှင့် ဈေးဝယ်သူများကို ယမန်နေ့ ညနေပိုင်းက နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး(Mask Campaign) ပြုလုပ်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ကျောင်းဖြူကျေးရွာ ပတ်ဝန်းကျင်မှရရှိသော ရှေးဟောင်းရွှေထည်ပစ္စည်းများ အတွက် ထိုက်တန်စွာ ဆုကြေးချီးမြှင့်နိုင်ရန်စီစဉ်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်တွင် ဒီဇင်ဘာ ၉ ရက်နေ့က ကျောင်းဖြူကျေးရွာ၏ အနောက်ဘက် ပေ(၁၀၀၀)ခန့် အကွာရှိ ချောင်းအတွင်း ချောင်းရေတိုက်စား၍ ကမ်းပါးပြိုကျထားသည့်နေရာတွင် ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အလေးချိန် တစ်ကျပ်သားခန့်ရှိ ရွှေထည်ပစ္စည်းတစ်ခုကို ၎င်းကျေးရွာမှ ဦးကျော်မိုးသည် ရေခပ်ရန် သွားရောက်စဉ် တွေ့ရှိရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းဝေ၊ တစ်ရွာတည်းနေသူများဖြစ်သည့် ဦးချစ်စန်းဦး၊ ဦးလှမင်းဦးတို့အား ပြောပြကာ ကျေးရွာသားအချို့နှင့်အတူ အဆိုပါနေရာသို့ ထပ်မံသွားရောက်၍ ရှာဖွေခဲ့ရာ ချောင်းကမ်းစပ်ရှိရေထဲမှ အလေးချိန် ငါးမူးသားကျော် ခန့်ရှိ ရွှေထည်ပစ္စည်း(၃)ခု ထပ်မံတွေ့ရှိခဲ့သည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက် ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှာခေါင်းစည်းနှင့် မျက်နှာကာ စနစ်တကျ မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှား မှု စီမံချက်အဖြစ် ယမန်နေ့ နံနက်(၇)နာရီအချိန်က လူစည်ကားရာ ညောင်ရွာစျေးတွင် တာဝန်ရှိသူများ က ဆောင်ရွက်ခဲ့သည်။

လျှပ်စစ်ဓာတ်အားလိုင်းကြိုးနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူ များသည် လျှပ်စစ်ဓာတ်အား သုံးစွဲသော ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေး၊ လျှပ်စစ်ဓာတ်အား ပြည့်ပြည့် ဝဝ သုံးစွဲနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးတို့အတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့နယ်လောက်လုံကျေးရွာတွင် နေအိမ်တစ်လုံးမီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် အလှူငွေများထောက်ပံ့ပေး

ဟားခါးမြို့နယ် လောက်လုံကျေးရွာတွင် ဒီဇင်ဘာ ၁၃ရက် ညနေ၅နာရီအချိန်က လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားခဲ့ရာ မှတဆင့် အပူလွန်ကဲပြီး အိမ်ရှင် ဦးထောင်ဟီး၏ (၂၀×၁၄)ပေ၊သွပ်မိုး၊သွပ်ကာ၊ပျဉ်ခင်း လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်နစ်နာသည့် အိမ်ထောင်စုအား ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရမ်ချွမ်းမန် နှင့် ဝန်ထမ်းများက ကယ်ဆယ်ရေးထောက်ပံ့ ပစ္စည်းများ နှင့်အလှူငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ဒီဇင်ဘာ ၁၅ရက်နေ့ကဟားခါးမြို့၊မြို့နယ် စုပေါင်း ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်မျာအား ထောက်ပံ့ကြေးပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ အား လူမူဝန်ထမ်း ဦးစီး ဌာနမှ ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to