ဖောင်းပြင်မြို့၌ စည်ပင်သာယာရေးကော်မတီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် BOX Culvert နှစ်စင်း တည်ဆောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီက ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂ ဒသမ ၆သန်းဖြင့် အရှည် ၆ပေ၊ အကျယ် ၁၈ပေရှိ BOX Culvert ရေမြောင်းကူးတံတားနှစ်စင်းကို ကျွန်းရွှေဝါရပ်ကွက်၊ အောင်သီဟလမ်း၌ ယမန်နေ့က စတင်ဆောင် ရွက်ကြောင်းသိရသည်။

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင်အကောင်အ ထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) (၂၇) ရွာအနက် နှစ်ရွာဖြစ်သော ဂျမ်းတိုက်ကျေးရွာအုပ်စု သရက်တော်ရိုး ကျေးရွာနှင့် ကျုံအီကျေးရွာအုပ်စု မှော်ချောင်းကျေးရွာတို့တွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်သူများအား mask တပ်ဆင်ရန် အသိပညာပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်တည်မြို့နယ်အတွင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့်အညီ အ​လေး ထားဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် mask ပညာရေးအဖွဲ့ကို ဧပြီလမှစ၍ ဆောင်ရွက်ခဲ့သည်။ ယခု အချိန်တွင် mask မတပ်သူများ ပိုမိုများပြား လာသည့်အတွက် နောက်တစ်ကြိမ်ထပ်မံ၍ mask ပညာပေး ရေးအဖွဲ့များကို ပြုလုပ်၍ ဌာနဆိုင်ရာများအနေဖြင့် လည်း တက်ညီလက်ညီနှင့် ထိရောက်စွာ ဆောင်ရွက် စေလိုကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်မှ ဆွေးနွေးပြောကြားပြီး စားသုံးသူရေးရာ ဦးစီးဌာန ဦးစီးမှူး ဦးနိုင်ဝင်းသိန်းက mask မတပ်ဆင်သူများကို ဒဏ်ငွေတိုး၍ ဆောင်ရွက်စေလိုကြောင်း နှင့် စစ်ဆေးရေး ဂိတ်များကိုလည်း စနစ်တကျ ဆောင်ရွက်စေလိုကြောင်း ဆွေးနွေး ပြောကြားသည်။

ဇလွန်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား အသိပေး နှိုးဆော်

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင် များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ ည ၈ နာရီအချိန်ခန့်က မြို့ပေါ် (၅)ရပ်ကွက်သို့ လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

​ရှေး​ဟောင်းယဉ်ကျေးမူ အ​မွေအနှစ်များနှင့် သဘာဝလိုဏ်ဂူ​တော်များရှိရာ ဖား​ဘောင်ဂူ သို့ လာ​ရောက်လည်ပတ်သူများပြားလာ

မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ် လမုခို ကျေးရွာအုပ်စုတွင် တည်ရှိသည့် သဘာဝအလှ တရားတို့ဖြင့် လှပ​​လျက်စိတ်ဝင်စားဖွယ် ​ရှေး​ဟောင်း​စေတီဂူဘုရားများ တည်ရှိရာ ဖား​ဘောင်ဂူတောင်သို့ လာ​ရောက်လည်ပတ်သူ ယခင်ကထက်ပိုမိုများပြားလာ ​ကြောင်းသိရသည်။

မြောင်းမြခရိုင် ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ဆောင် ဆောင်ရွက်နေမှု ၈၀%ကျော်ပြီးစီး

မြောင်းမြခရိုင်တွင် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်မှုသည် ဒေသတွင်း ကူးစက်မှုများ ရှိလာသဖြင့် အရေးပေါ် လူနာများ ထားရှိနိုင်ရေးအတွက် ခရိုင်ပြည်သူ့ဆေးရုံရှိ အထူးကြပ်မတ်ဆောင် Isolation Ward အားပြင်ဆင် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ၈၀% ကျော် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များပူးပေါင်း၍ မြို့ပေါ် ရှိဈေးနှင့် လူစည်ကားရာနေရာ (၄) ခုတွင် Mask Campaign ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များ ပူးပေါင်း၍ ယမန်နေ့ နံနက်(၈)နာရီခွဲအချိန်က မြို့မစည်ပင်သာယာဈေး၊ ပျံကျဈေးနှင့်လူစည်ကားရာ နေရာများတွင် Mask Campaign ပြုလုပ် ခြင်းနှင့် Face Shield အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

တာလေမြို့၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာများတွင် အဝီစိတွင်း တူးဖော်ပေးနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်းရှိ သောက်သုံးရေမလုံလောက်မှုနှင့် သုံးရေမလုံလောက်မှု အခက်အခဲများ ဖြစ်နေသည့် ကျေးရွာများအား ရေလုံလောက်စွာရရှိရန် ယမန်နေ့ နေ့လည်ပိုင်းက အဝီစိတွင်း တူးဖော်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တံတားဦးမြို့ မြို့အဝင် ၊ အထွက်ရှိ စစ်ဆေးရေးဂိတ်များ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးလှဝင်းအောင်နှင့် ကော်မတီဝင်များသည် ယမန်နေ့နံနက် (၁၁) နာရီက မြို့အဝင်၊ မြို့ထွက် စစ်ဆေးဂိတ်များ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to