ကော့မှူးမြို့နယ် ငှက်အော်‌စမ်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ ကော့မှူး-ကျိုက်ထော်ကားလမ်းဘေး နေဦးဇော်မင်းဦး၏ နေအိမ်၌ ယမန်နေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် အိန္ဒိယငရုတ်မျိုးစိုက် တောင်သူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြစ်ရေတင်ဖြင့် အိန္ဒိယငရုပ်မျိုး စိုက်ပျိုးလျက်ရှိရာ ထွက်ရှိလာသည့် ငရုပ်သီးစိမ်း တစ်ပိဿ တစ်ထောင်နှစ်ရာကျပ်ဖြင့် ရောင်းချရခြင်းကြောင့် အိန္ဒိယငရုပ်မျိုးစိုက် တောင်သူများ အဆင်ပြေနေကြကြောင်း ငရုပ်စိုက်တောင်သူများထံက သိရသည်။

အင်းစိန်(GTI) Quarantine Center (၂)တွင် ဝင်ရောက်နေသော ပြည်သူများ (၇)ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ၍ (၃၅)ဦး နေအိမ်ပြန်ခွင့်ရ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန် (GTI) Quarantine Center (၂)တွင် ဝင်ရောက်နေသော ပြည်သူများ (၇)ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ၍ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က (၃၅)ဦး နေအိမ်ပြန်ခွင့်ရရှိကြောင်း သိရ သည်။

သုံးခွမြို့နယ်အတွင်း၊ စားသောက်ဆိုင်များအား ဆိုင်ထိုင်စားသောက်ခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေးကွင်းဆင်းစစ်ဆေး

ရန်ကုန်တောင်ပိုးခရိုင်၊ သုံးခွမြို့နယ်အတွင်း စားသောက်ဆိုင်များအား ဆိုင်ထိုင်စားသောက်ခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကမာရွတ်မြို့နယ်အတွင်းရှိ အမှတ် ၁ ရပ်ကွက် အောင်မြေသာစည် ၁ လမ်း ကွန်ကရစ်ခင်းရန် ပြင်ဆင်မှု အခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး၊ ရေစီးရေလာ ကောင်း မွန်စေရေး၊ လမ်းသွားလမ်းလာ ပြည်သူများနှင့် ယာဉ်အသွားအလာများ အဆင်ပြေစေရေး၊ လမ်းပန်း ဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးတို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူအဆင်ပြေ ချောမွေ့စေရန် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထန်းပင်မြစ် လှိုင်လှိုင်ပေါ်ချိန် ထန်းပင်မြစ် ပျိုးထောင်ရောင်းချသူများနှင့် တဆင့်ပွဲစားများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့၊ ညောင်ဦးမြို့နှင့် ငါ့သရောက် မြို့တို့တွင် ထန်းပင်မြစ် ပျိုးထောင်ရောင်းချသူများနှင့် ထန်းပင်မြစ်ပွဲစားများ ထန်းပင်မြစ် ရောင်းချခြင်း၊ တဆင့်ယူပွဲစားများ နယ်ဝေးပို့ရောင်းချခြင်းဖြင့် အဆင်ပြေကြောင်း ကျောက်ပန်းတောင်းမှ ထန်းပင်မြစ်ပွဲစား ဦးပေါ်လာကပြောကြားသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီသို့ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များမှ အလှူငွေများ၊အထောက်အကူပြုပစ္စည်းများလှူဒါန်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးနှင့်ကူညီ ထောက်ပံရေးအဖွဲ့သို့ အလှူရှင်များမှ ပြည်တွင်း၊ ပြည်ပပြန်များ Quarantine ဝင်သူများအားကျွေးမွေး ရန်နှင့်လိုအပ်ချက်များတွင် သုံးစွဲနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်အလှူရှင်များက ယမန်နေ့ နေလယ်က နေရာအသီးသီး တွင်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ကျုံပျော် မြို့မဈေးအတွင်း စျေးရောင်းချသူများ Mask နှင့် Face Shield တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ မြို့မဈေး အတွင်းရှိ စျေးရောင်းချသူများတွင် Mask နှင့် Face Shield တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၆ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးနှင့် လုပ်ငန်းလိုင်စင်ချထားပေးသော စားသောက်ဆိုင် လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီ လိုက်နာမှု ရှိ/မရှိစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်သည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးနှင့် လိုင်စင် ချထားပေးသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ မြို့နယ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က စစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to