မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း လူစုလူဝေးဖြင့် စျေးဝယ် ယူ ရောင်းချမှု လျော့ချနိုင်ရေးနှင့် စာသောက်ကုန်များကို စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ရေးအတွက် စျေးကားများမှ လာရောက်ရောက်ချ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူ များ သား၊ ငါး၊ ဟင်းသီး ဟင်းရွက်များနှင့် အခြေခံစားသောက်ကုန်များအား သန့်ရှင်းလတ်ဆက်ပြီး စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် တို့မှ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင် အသင်းများက ယမန်နေ့ နံနက်ပိုင်း အချိန်မှစတင်ကာ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း စျေးကားများဖြင့် လာရောက်ရောင်းချပေးခဲ့ကြသည်။

တရုတ်နိုင်ငံတွင် မြန်မာ့ဖရဲသီးများ ယခင်နှစ်ကထက်ဈေး ၂ ဆနီးပါးရနေပြီး ၅ လပိုင်းကုန်ထိ ဈေးဆက်လက်ကောင်းနိုင်

ကိုဗစ် - ၁၉ ရောဂါကြောင့် ဖရဲသီးများ အစိုက်နည်းသဖြင့် တရုတ်နိုင်ငံတွင် မြန်မာ့ဖရဲသီးများ ယခင်နှစ်ကထက်ဈေး ၂ ဆနီးပါးရနေပြီး ၅ လပိုင်းကုန်ထိ ဈေးများ ဆက်လက်ကောင်း နိုင်ကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။

ဆမီးမြို့၌ တိုက်ပွဲရှောင်ပြည်သူများနှင့် မြို့ခံပြည်သူများအား ငွေကြေးထောက်ပံ့ပေး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့နယ် ဆမီးမြို့၌ တိုက်ပွဲရှောင်ပြည်သူများနှင့် မြို့ခံပြည်သူများအားငွေကြေး ထောက်ပံ့ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ(၁၃)ရက်နေ့က တိုက်ပွဲရှောင်စခန်းများနှင့် အမှတ်(၂)ရပ်ကွက် နှစ်ခြင်းအသင်းတော်ဘုရားရှိခိုးကျောင်းတို့၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ Mask Campaign ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ Mask Campaign အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောမြို့ မြို့မ အားကစားကွင်း အနီး မြို့ဝင်စစ်ဆေးဂိတ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးနှင့် မွေးမြူရေး သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတ​နော်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်နှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ပြီး အသက်မွေး ဝမ်းကျောင်းအထောက် အကူပြု စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ယင်းယိုကျေးရွာအုပ်စု စွတ္တမူကျေးရွာတွင် ဖွင့်လှစ်ပေးခဲ့သည်။

မုဒုံမြို့နယ် ရွှေဟင်္သာစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ရှိရွှေဟင်္သာစျေးတွင် ယမန်နေ့နံနက် (၁၀) နာရီခန့်က မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ သည်။

ကျေးရွာမီးလင်းရေး ဆောင်ရွက်ပြီးစီးနေမှုများနှင့် ဆက်သွယ်ရေးလမ်း Box Culvert တည်ဆောက်နေမှုများ အားကွင်းဆင်းစစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင် ၊ ခရမ်းမြို့နယ် ၊‌ အေးရွာအုပ်စုကျေးရွာတွင်ဆောင်ရွက်ပြီးစီးသည့်ကျေးရွာ မီးလင်းရေး ဆောင်ရွက်နေမှုနှင့်ကျေးလက်လမ်းဦးစီးဌာနမှ တည်ဆောက်နေသည့် Box Culvert အား မြို့နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူများက ယမန်နေ့ နေလယ်ကကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း လွပ်လပ်ရေးကျောက်တိုင် တည်ဆောက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း လွတ်လပ်ရေး အထိမ်းအမှတ် အနေဖြင့် လွတ်လပ်ရေးကျောက်တိုင်တည်ဆောက်နေမှုအခြေအနေအား ယမန်နေ့ ညနေ(၄)နာရီအချိန်ခန့်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့ရုံ Community Based Facility Quarantine Centre တွင် အသွားအလာကန့်သတ်ထားသူ (၃၈) ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိစစ်ဆေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ နိုင်ရေးအတွက် သိမ်ဖြူလက်ဝှေ့ရုံရှိ Community Based Facility Quarantine Centre တွင် အသွား အလာ ကန့်သတ်ထားသူ (၃၈) ဦးထံမှ နှာခေါင်းနှင့်အာခေါင်းတို့ပတ်များ (ပထမအကြိမ်) ရယူ၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန Swab Team မှ တာဝန်ရှိသူများက လာရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့မစျေး၌ ကိုဗစ်−၁၉ ရောဂါ ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့၊ မြို့မစျေး၌ စျေးရောင်းချသူများနှင့် စျေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။
Subscribe to