Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြစ်ကြီးနားမြို့ရှိ သူနာပြုသင်တန်းကျောင်းအား သူနာပြုသိပ္ပံအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်
Jun 09,2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၏ သူနာပြုသင်တန်းကျောင်း (မြစ်ကြီးနား)အား သူနာပြုသိပ္ပံ (မြစ်ကြီးနား)အဖြစ် ကျန်းမာရေးဝန်ကြီးဌာနက အဆင့်မြှင့်တင်ပေးမည်ဖြစ်ရာ ထိုသို့အဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်တို့က ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့ အမှတ်(၁) မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Jun 09,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာမြို့မဈေးကြီး၌ ဈေးရောင်းဈေးဝယ်ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးလောင်မှု၊မီးလန့်မှုများမရှိစေရေးရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကျင်းပ
Jun 09,2026
တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော
Jun 09,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်အခြေခံပညာမူလတန်းကျောင်း ချောင်းငယ်၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွှဲပိုင်းက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူးနှင့် စက်သုံးဆီအရောင်းဆိုင်တာဝန်ခံများ တွေ့ဆုံလုပ်ငန်းညှိနှိုင်းစည်းဝေး
Jun 09,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ညွှန်ကြားရေးမှူး ဦးမင်းမင်းနှင့် ခရိုင်၊မြို့နယ်အဆင့် ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ ကြီးကြပ်မှုကော်မတီနှင့် စက်သုံးဆီအရောင်းဆိုင်များ တွေ့ဆုံလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် အခြေခံစက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Jun 09,2026
စစ်ကိုင်းခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးနှင့် အမျိုးသမီးများအတွက် အလုပ် အကိုင်အခွင့်အလမ်းရရှိစေရေးရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီးဘဏ္ဍာ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းက ရွာထောင်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဘက်ရဲမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် တက်ရောက်နိုင်ရေး ဘာသာရပ်ဆိုင်ရာအသိပညာပေးဟောပြော
Jun 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အ.ထ.ကရှိ တေဇခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ခရိုင်/မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတက်ရောက်နိုင်ရေး ဘာသာရပ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ် ပြည်သူများအား ပြည်သူ့ဆေးရုံမှ ကွင်းဆင်းပြီး အခမဲ့ဆေးကုသ
Jun 09,2026
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပြည်သူ့ဆေးရုံမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ပြုံးချို ဦးဆောင်သောအဖွဲ့သည် ပုလောမြို့အမှတ် ၁ ရပ်ကွက် မင်းသီရိဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ဇွန် ၈ ရက် မွန်းလွဲပိုင်းက ပြည်သူများအား အခမဲ့ကျန်းမာ ရေးစောင့်ရှောက်မှုပေးခြင်းကို ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
114
Page
115
Page
116
Page
117
Current page
118
Page
119
Page
120
Page
121
Page
122
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department