အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့မကျေးရွာအုပ်စု ကွမ်းဘုံကျေးရွာ ကိုရိုနာ ဗိုင်းရပ်စ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော ရွှေညောင်မြို့မကျေးရွာ အုပ်စုကွမ်းဘုံကျေးရွာ၊ ကွင်းအမှတ် ၁၀၁ ၊ ဦးပိုင် ၁ တွင် စိုက်ပျိုးထားသော တောင်သူ ဦးလောလီ ၏မိုးစပါး မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းစံကွက် ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တောင်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 24,2020
နမ္မတူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် ပထမ (၃)လပတ်အတွင်း ငွေလုံးငွေရင်းလုပ်ငန်း ခွင့်ပြုငွေ(၉၈.၇)သိန်းဖြင့် ဆောင်ရွက်သော ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား ကြီးကြပ်စစ်ဆေးခြင်းကို ယနေ့ နံနက် (၁၀) နာရီခွဲအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက် (၇)၌ ဆောင်ရွက်ခဲ့သည်။
Nov 24,2020
တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်သရက်ချောင်းမြို့နယ်ပြည်သူ့ဆေးရုံ lsolation Ward တွင်ထားရှိ သည့် ကိုဗစ်-၁၉လူနာ (၈)ဦးအနက် (၆)ဦး ရောဂါသက်သာပျောက်ကင်း၍ ယနေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှသိရသည်။
Nov 24,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ သီရိပစ္စယာရပ်၊ ဧရာဝတီမြစ်ရေ တင်လုပ်ငန်းမှာ ဧရာဝတီမြစ်သဲသောင်ထွန်း ရေစီးကြောင်းပြောင်းသဖြင့်ရေပြေးလုပ်ငန်း များရပ်ဆိုင်းခြင်းမရှိစေရန် ယနေ့၊ မွန်းတည့် ၁၂နာရီအချိန်က တာဝန်ရှိသူ များသွားရောက်ကာ ရေပေးလုပ်ငန်းရပ်ဆိုင်း ခြင်းရှိစေရန် ကွင်းဆင်းတိုင်းတာခြင်းများ ဆောင်ရွက်နေကြောင်း ညောင်ဦးမြို့နယ် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ခိုင် ထံကသိရသည်။
Nov 24,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့စည်ပင်သာယာရေးဌာနမှ ၂၀၂၀-၂၀၂၁ ပထမသုံးလပတ်အတွက် လုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ တာဝန်ခံအင်ဂျင်နီယာမှ လုပ်ငန်းများဆောင်ရွက်နေမှုကို ယနေ့သွားရောက်ကြည့်ရှုခဲ့သည်။
Nov 24,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အထက(၁)ကျောင်း Quarantine Centre တွင် ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုထားသူ (၃၄)ဦးကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ထမ်းများက Test Kit ဖြင့်စစ်ဆေးကြရာ အမျိုးသား (၁)ဦးထံတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိ၍ မြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ကုသဆောင်တွင် ပို့ဆောင်ဆေးကုသ ထားကြောင်းသိရ သည်။
Nov 24,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ နံရံကပ်ပြဘုတ်တွင် အမျိုးသမီး များ အပေါ်အကြမ်းဖက်မှု ပပျောက်ရေးအသိပညာပေး နံရံကပ်ပိုစတာများကို ယနေ့ မွန်းလွဲပိုင်းက ပြသထားရှိကြောင်း သိရသည်။
Nov 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရန်အတွက် ပြည်သူလူထုအတွင်း အသိပညာ ပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်းဝေငှခြင်းများကို ယနေ့နံနက်ပိုင်း က ဖယ်ခုံမြို့လည်အဝိုင်းတွင် ဆောင်ရွက်ခဲ့ကြသည်။