အမြို့မြို့အနယ်နယ်သတင်းများ

Nov 12,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံပြည်သူ များအား နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန် မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 12,2020
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ထောက်ပံ့ငွေများ ထုတ်ပေးခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 12,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများ ထပ်မံပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်း ဒက္ခိဏသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Nov 12,2020
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
Nov 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု များအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကာလ အတွင်းနိုင်ငံတော်မှ ထောက်ပံ့ငွေ တစ်အိမ်ထောင်လျှင် ကျပ်(၄၀၀၀၀) အားပေးအပ်နိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အဆင့်  ဝင်ငွေနည်း အိမ်ထောင်စု များအတွက် ထောက်ပံ့ငွေများ စိစစ် ကြပ်မတ် ရေးအဖွဲ့ (၆)ဖွဲ့ ကို ဖွဲ့စည်းပြီး သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ပူးပေါင်း၍ ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။
Nov 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေးအား မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင် မိဘပြည်သူများတို့က ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် ''ဝ'' စာပေနှင့်ယဉ်ကျေးမှုက ဆန်၊ ဆီနှင့် အလှူငွေ လာရောက်လှူဒါန်းခဲ့ကြသည်။
Nov 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျင် ငွေကျပ်(၂၀၀၀၀)နုန်းဖြင့် စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်မှစ၍ ထောက်ပံ့ ပေးအပ် လျက်ရှိကြောင်း သိရသည်။