အမြို့မြို့အနယ်နယ်သတင်းများ

Nov 06,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင်၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲဆန္ဒ လက်မှတ်များနှင့် ကျန်းမာရေးအထောက်အကူပစ္စည်းများအား ကျောက်တလုံးကြီးမြို့ပေါ်ရှိမဲရုံ(၆)ရုံသို့ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက ထုတ်ပေးခဲ့ကြောင်းသိရသည်။
Nov 06,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်  စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတာဝန်များ ထမ်းဆောင်မည့် မဲရုံမှူး ဒုမဲရုံမှူးများအား လုပ်ငန်းလမ်းညွှန်ချက်များ ဆွေးနွေးပွဲကို  ယနေ့နံနက် (၁၀) နာရီက ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Nov 06,2020
ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ဆန္ဒမဲလက်မှတ်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံသို့ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ဘက်စုံသုံးခန်းမ၌ ထုတ်ပေးခဲ့သည်။
Nov 06,2020
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်နှင့်ကျေးရွာအသီးသီးရှိ သတ်မှတ် မဲရုံများ ကြိုတင်ပြင်ဆင်များခြင်းကို ဆောင်ရွက်လျက်ရှိကြရာ အချို့မဲရုံများမှာ ကြိုတင်ပြင်ဆင်မှု ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
Nov 06,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက် နေ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပချိန်၌ မဲဆန္ဒနယ်(၁)နှင့်(၂)ရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများနှင့် မဲရုံကိုယ်စားလှယ်များ၊ မဲလာပေးမည့် မဲဆန္ဒရှင်ပြည်သူ များအသုံးပြုနိုင်ရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ပစ္စည်းများကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဟိုပန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူး ဦးခင်လတ်နှင့် ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး ဦးစိုးသိန်းတို့မှ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ထုတ်ပေးခဲ့သည်။
Nov 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုများ ဆန္ဒမဲပေးသည့်အခါ အမှားအယွင်းမရှိဘဲ စနစ်တစ်ကျမဲပေးနိုင်ရန်အတွက် မဲပေးပုံအဆင့်ဆင့်အား လက်တွေ့သရုပ်ပြသခြင်းနှင့် မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်သည့် မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများအနေဖြင့် သိသင့်သိထိုက်သော ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများအားနှင့် လိုက်နာရမည့် အခြားသိကောင်းစရာအသိပေးမှာကြားခြင်းတို့ကို ယနေ့၊ နေ့လယ်(၂)နာရီအချိန်ခန့်က မူဆယ်မြို့၊ အထက(၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
Nov 06,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက် ဆေးဝါးကုသမှု ခံယူလျှက်ရှိသော ကိုဗစ်လူနာများနှင့် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်း များအား ဆေးဝါးနှင့်ဆန်၊ ဆီများကို ဓမ္မစက္ကပဝတ္တနကာရီ ကိုဗစ်အထောက်အကူပြုအဖွဲ့နှင့် အလှုရှင်များက ပေးအပ် လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်ဆေးရုံကြီး၌ ကျင်းပသည်။